7

1.3K 138 9
                                    

​ကွင်းပြင်ကျယ်ကြီးထဲကကြီးမားပြီးနွေးထွေးတဲ့အဆောက်အဦးပေါ်မှာအစားအသောက်တွေကိုဝဝလင်လင်သုံးဆောင်နေရတဲ့ကလေးတွေကသူ့တို့ကိုသူတို့အိမ်မက်,မက်နေတယ်ထင်ပြီးစစ်သည်ရဲမက်တွေကိုအိမ်မက်လားအမှန်လားဆိုပြီးခန,ခနမေးနေခဲ့ကြတယ်။ရဲမက်တွေကစိတ်မရှည်တော့ပဲ

"အိမ်ရှေ့စံရဲ့အမိန့်ကွ,အမိန့်ဘာအိမ်မက်မှမဟုတ်ဘူးသူကမင်းတို့ကိုစောင့်ရှောက်ပေးမယ်ဆိုပြီးတာဝန်ယူထားတာဟုတ်ပြီလား"

ရဲမက်တွေကစိတ်မရှည်စွာအော်ဟစ်ပြီးထွက်သွားပေမယ့်ကလေးတွေရဲ့နှလုံးသားကတော့အိမ်ရှေ့စံဆိုတဲ့စကားလေးကနေရုန်းမထွက်နိုင်ကြတော့။နတ်သားလေးဆိုတာတကယ်ရှိမှန်းသူတို့လက်ခံလိုက်ကြပြီဖြစ်သည်။

ပါးဖောင်းဖောင်းနှင့်၅နှစ်အရွယ်ကလေးလေးကသူ့ရဲ့အမကြီးကိုကြည့်ပြီး

"မမအိမ်ရှေ့စံကသားတို့ရဲ့ဖေဖေလား"

အကြီးမလေးကသူ့မောင်လေးစကားကိုကြားပြီးအထိန့်တလန့်ဖြစ်သွားကာပါးစပ်ကိုအတင်းပိတ်လိုက်သည်။ထိုစဥ်နူးညံ့ပြီးချိုသာတဲ့အသံလေးကကြားဖြတ်ဝင်လာခဲ့သည်။

"အိမ်ရှေ့စံကိုဘာလို့သားရဲ့ဖေဖေလို့ထင်ရတာလဲ"

"မမပြောပြတာအိမ်နဲ့စားစရာကိုပေးတဲ့လူကဖေဖေတဲ့"

ဇာမဏီမျက်ဝန်းတွေညိုးမှိုင်းသွားသည်။အရင်ဘဝတုန်းကသူ့ဖခင်မဆုံးခင်အထိ,သူ့ကိုသိပ်ချစ်ပေးခဲ့တာ။

အကြီးမလေးကတော့အနည်းငယ်သိတတ်စပြုနေပြီဖြစ်တဲ့အတွက်ကြမ်းပြင်ပေါ်ဒူးထောက်ရင်းတစ်ကိုယ်လုံးတုန်ယင်နေရှာသည်။သူမရဲ့မောင်လေးကအိမ်ရှေ့စံကိုစော်ကားမိလိုက်သည်မလား။သူမကမောင်လေးအစားပြစ်ဒဏ်ခံပေးချင်ပေမယ့်ဘယ်လိုစပြောရမှန်းမသိတာကြောင့်ခေါင်းငုံ့ထားရင်းမျက်ရည်တွေစီးကျလာခဲ့သည်။အဆုံးမှာတော့သူမက,ကလေးတစ်ယောက်သာဖြစ်သည်။

"ဟုတ်တာပေါ့ဒီနေ့ကစပြီးကိုကိုကမင်းရဲ့ဖေဖေလုပ်ပေးမယ်"

"ဖေဖေ!!!"

ကလေး,လေးကအကြိမ်ပေါင်းမျာစွားဖေဖေလို့ခေါ်ခဲ့ပြီးပန်ဒိုရာကိုဖက်ထားခဲ့သည်။ငေးကြောင်နေတဲ့ကလေးမလေးကိုပါဆွဲယူပြီးသူ့ရင်ခွင်ထဲထည့်လိုက်တော့သူမကရှိုက်ကြီးတစ်ငင်ငိုချလာခဲ့တော့သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now