36(Complete)

1.1K 123 9
                                    

"အရှင်အိပ်နေတာ၂ရက်ကြာသွားပြီ,ကျွန်တော်မျိုးအရမ်းစိတ်ပူနေခဲ့တာ"

"အရှင်,အရင်တစ်ခါလိုအကြာကြီးအိပ်သွားမှာစိုးရိမ်နေခဲ့တာ"

တစ်ယောက်တစ်မျိုးစိတ်ပူကြောင်းပြောနေကြတဲ့ချစ်ရသူတွေကိုကြည့်ပန်ဒိုရာစိတ်ထဲခုနေသမျှပြေပျောက်သွားတော့သည်။

"ကိုယ်ဒီတစ်ပတ်လုံးကောင်းကောင်းမအိပ်ထားရဘူးလေဒါကြောင့်အကြာကြီးအိပ်မိသွားတာအရမ်းစိတ်ပူသွားကြတာလား"

ခေါင်းအပြိုင်အဆိုင်ငြိမ့်ပြကျတဲ့ချစ်သူတွေကိုကြည့်ပြီးပန်ဒိုရာစိတ်လိုလက်ရပြုံးလိုက်မိတော့သည်။

အရာအားလုံးပုံမှန်ပြန်ဖြစ်သွားပြီးသူ့ချစ်သူတွေကအရင်လိုသူ့အနားမျှော့တစ်ကောင်လိုကပ်တွယ်လာပြန်လေသည်။ပန်ဒိုရာသက်ပြင်းသဲ့သဲ့ချရင်းဆုံးဖြတ်လိုက်မိသည်။

'သူဘယ်တော့မှဒီလူတွေနဲ့ထပ်ပြီးစကားများအောင်မလုပ်တော့ဘူးအများအမြင်မှာဒီလူငါးယောက်ကသူ့ကိုသည်းသည်းလှုပ်ချစ်နေကြတယ်ဆိုပေမယ့်တစ်ကယ့်လက်တွေ့မှာတော့သူကသာမခွဲနိုင်အောင်ချစ်နေရခြင်းပင်တစ်ခုခုများပြသနာတက်ပြီဆိုသူကလွှမ်းနေရသလောက်ထိုလူတွေကပေါ်ကိုမလာကြတော့ပေ...ဟူး...!'

ကလေးအကြောင်းကတော့မည်သူကမျှစပ်မပြောကြတော့။

အကြာကြီးရန်ဖြစ်ပြီးမှပြန်တည့်သွားကြသည့်အချိန်ကချစ်သူများအတွက်ကြည်နူးစရာအကောင်းဆုံးအချိန်ပင်။လူခြောက်ယောက်ကအိပ်ယာပေါ်မှာလုံးထွေးပြီးချိန်တွင်ပန်ဒိုရာကထုံးစံအတိုင်အိပ်ယာပေါ်ပျော့ခွေနေပြီဖြစ်သည်။

"အရှင်ပါးစပ်ဟ"

ပန်ဒိုရာ,ပါးစပ်ဟပေးလိုက်တော့ခါတိုင်းသောက်နေကျဆေးခါးခါးကြီးမဟုတ်ပဲချဥ်ချဥ်ချိုချိုနှင့်သင်းပျံ့သောရနံ့လေးများကပါးစပ်ထဲပျံ့နှံ့သွားသည်။

"ဘာဆေးတွေလဲ"

ပန်ဒိုရာအသံကသြရှရှ။

"အရှင်ပဲကျွန်တော်မျိုးတို့ကလေးကိုမလိုချင်ဘူးဆိုသူ့ကိုသတ်ပြစ်ရမယ်မလား"

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now