18

1.3K 132 5
                                    

နေ့ခင်းထိကုတင်ပေါ်အိပ်စက်နေတဲ့အရှင့်သားကိုကြည့်ပြီးကုန်းကုန်းသက်ပြင်းချမိလိုက်သည်။နိုးနေတာဒါနဲ့ဆိုသုံးကြိမ်မြှောက်..

"အရှင့်သား..အိမ်ရှေ့စံတစ်ပါးကမိုးစင်စင်လင်းထိအိပ်လို့မသင့်တော်ပါဘူးပြီးတော့အရှင်ကမနက်ဖြန်ကစပြီးညီလာခံတက်ရမယ်လို့မိန့်လိုက်ပါတယ်"

အိမ်ရှေ့စံမှာနိုးလာဖို့နေနေသာသာဟောက်သံပိစိလေးပင်ထုတ်လွှတ်နေသေးသည်။

'ဟူး..ကမ္ဘာပေါ်မှာအခက်ခဲဆုံးကအရှင်နဲ့အရှင့်သားကိုအိပ်ယာနိုးရတာပဲ'

"ကုန်းကုန်း!"

"အနောက်ရပ်စစ်သူကြီးလျောင်းလျာလေး!"

"အရှင့်သားအိပ်ပါစေဘာလို့အနှောက်အယှက်ပေးနေရတာလဲ"

"ဒီကုန်းကုန်းက..အရှင့်သားကိုမင်းကောင်းမင်းမြတ်ဖြစ်စေချင်ယုံပါ"

"ကုန်းကုန်းစိတ်မပူပါနဲ့...အိမ်ရှေ့စံကမင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာမှာပါ..ဒါ..ပေ..မယ့်အနောက်ဆောင်ကိုလူဖြည့်ဖို့ကြိုးစားတာကအိမ်ရှေ့စံရဲ့အကျင့်စာရိတ္တကိုပျက်ပြားစေလိမ့်မယ်"

မင်းဆက်ဝဏ္ဏရဲ့အသံကအန္တာယ်တွေပြည့်နှက်နေပေမယ့်ကုန်းကုန်းကသူ့ရဲ့မြေးလေးတွေအတွက်မကြောက်မရွံ့တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ထားသည်။

"ဘုရင်တစ်ပါးအတွက်အနောက်ဆောင်ကကျက်သရေပါပဲအရှင့်သားက,ကလေးတွေအများကြီးနဲ့နေဖို့ထိုက်တန်ပါတယ်"

မင်းဆက်ဝဏ္ဏဓါးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။

"အနောက်ဆောင်ဆိုတာကဘုရင်ရဲ့အရည်အချင်းတွေကိုဖျက်ဆီးပြစ်တဲ့နေရာပဲအသုံးမကျတဲ့ဘုရင်ကပဲအနောက်ဆောင်ကိုလူဖြည့်ရင်းအချိန်ဖြုန်းနေမှာသေချာပေါက်အရှင့်သားကဘယ်တော့မှအဲ့လိုယုတ်ညံ့တဲ့ဘုရင်မျိုးဖြစ်လာမှမဟုတ်ဘူး"

"....."

"ပြီးတော့မိဘမဲ့လေးတွေအကုန်လုံးကအရှင့်သားရဲ့ကလေးတွေပဲ!"

"အိုး!"

ကုန်းကုန်းမှာအန္တာယ်အငွေ့အသက်ကိုခံစားမိလို့မကျေနပ်မှုတွေကိုမျိုသိပ်ပြီးတိတ်တိတ်နေဖို့ဆုံးဖြတ်လိုက်သည်။ဒီလူတွေကအရှင့်ရဲ့အမိန့်ကိုတော့လွန်ဆန်နိုင်မတဲ့လား..ဟွန့်!။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now