26

1K 109 2
                                    

သတိုးကျော်စွာ,မျက်မှောင်ကျုံ့ပြီးစားဖိုဆောင်ထဲရှိသမျှလူတိုင်းကိုလိုက်ကြည်နေသည်။သံသယအဝင်ခံရမှာကြောက်တာကြောင့်လူများဟာတုန်ယင်နေကြရှာသည်။

"ဒီလိုဆိုအရှင့်သားနန်းဆောင်ကလူတွေကအပြစ်ကင်းစင်တာပဲ"

အပျိုတော်လေးတစ်စုမှာခေါင်းပြုတ်မတတ်ငြိမ့်ပြလိုက်ကြသည်။သူတို့တာဝန်ကအရှင့်သားသုံးဆောင်လိုသမျှကိုညွှန်ကြားပြီး,ချက်ပြုတ်ပြီးစီသမျှကိုသယ်ယူကာအရှင့်သားဆီဆက်သရုံသာဖြစ်သည်။

"သယ်သွားတဲ့လမ်းမှာထည့်လိုက်တာလဲဖြစ်နိုင်တာပဲ"

"ကျွန်မတို့မလုပ်ဝံ့ပါဘူးအစားအသောက်တွေကိုသယ်ယူချိန်မှာကုန်းကုန်းလဲပါ,ပါတယ်ကုန်းကုန်းကအဆိပ်ပါ,မပါတောင်စစ်လိုက်ပါသေးတယ်"

"ကုန်းကုန်း!"

ကုန်းကုန်းကတော့လုံးဝမဖြစ်နိုင်။ကုန်းကုန်းကအရှင့်သားကိုသူတို့ကဲ့သို့သည်းသည်းလှုပ်လွန်းသူတစ်ယောက်ဖြစ်သည်။

သို့သော်.....။

"အိမ်ရှေ့စံနန်းဆောင်ကလူတွေထွက်သွားလို့ရပြီအခုစားဖိုဆောင်ကလူတွေအလှည့်ပဲ"

အပျိုတော်တွေဝမ်းသာမျက်ရည်ကျလာကာတုန်တုန်ယင်ယင်နှင့်ထွက်သွားကြသည်။

"ဒီတစ်ခါတော့စားဖိုမှူးတွေအလှည့်ပဲ..ဟမ်.ဘယ်သူကမြင့်မြတ်တဲ့အိမ်ရှေ့စံကိုကျိန်စာတိုက်ရဲတာလဲဒီကျိန်စာလောက်ကအရှင့်သားကိုထိခိုက်အောင်လုပ်နိုင်မတဲ့လား"

စာဖိုးမှူးတွေမှာချွေးစေများကျလာကာခန္တာယ်ကိုယ်ကလည်းတစ်ဆတ်ဆတ်တုန်ယင်နေသည်။သူတို့အဖွဲ့ကရွာငယ်လေးမှရွှေနန်းတော်သို့အတူတကွလာခဲ့ကြပြီးကောင်းမွန်လှတဲ့ဟင်းချက်စွမ်းရည်ကြောင့်တော်ဝင်စားဖိုဆောင်မှာတာဝန်ပေးခံခဲ့ရသည်။တစ်ယောက်ကိုတစ်ယောက်ယုံကြည်သလိုသစ္စာဖောက်ခြင်းလည်းမရှိကြပေ။ဘယ်မင်းတက်တက်ဟင်းချက်သမားတွေနဲ့မသက်ဆိုင်ပေမယ့်သူတို့ကလက်ရှိမင်းကြီးကိုသစ္စာဖောက်လေ့မရှိကြ။အသက်ထက်သစ္စာတရားနဲ့ကျေးဇူးတရားကိုတန်ဖိုးထားသိတတ်ကြသူများဖြစ်သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now