8

1.3K 146 5
                                    

"ကုန်းကုန်း,တစ်ညလုံးဘယ်သွားနေတာလဲ"

ကုန်းကုန်းမှာအနည်းငယ်လှုပ်ရှားရှားဖြစ်လာပြီး

"အရှင့်သားကဒီကုန်းကုန်းကိုလွှမ်းနေမယ်လို့မထင်ထားမိလို့တစ်ခြားအရေးကိစ္စတွေသွားဆောင်ရွက်နေတာပါ"

ပန်ဒိုရာနှာခေါင်းရှုံ့လိုက်ပြီး

"နောက်တစ်ခါရုတ်တရက်ပျောက်သွားရင်ခမည်းတော်နဲ့တိုင်ပြီးတောထဲကိုပို့ပြစ်လိုက်မှာ"

"အရှင့်သားနဲ့အရှင်ကကျွန်တော်မျိုးကိုမခွဲနိုင်မှာပဲစိုးရတာပါ"

ပန်ဒိုရာမျက်ဖြူလှန်မိလိုက်သည်။ကုန်းကုန်းကယုံကြည်မှုတွေအရမ်းပြင်းထန်နေတာပဲ။

ပန်ဒိုရာ,ပထမဆုံးသင်္ချာတွက်ပြလိုက်သည့်နေ့မှစ၍စာပေရေးရာဌာနကသူ့အပိုင်ဖြစ်လာခဲ့သည်။စာပေသုခမိန်ကြီးတွေကပန်ဒိုရာဆီကသီအိုရီများရရှိနိုင်ဖို့အမဲရိုးမျှော်သည့်ခွေးကလေးများပမာပန်ဒိုရာနောက်တစ်ကောက်ကောက်လိုက်နေကြတော့သည်။

အသက်ကြီးခါမှသူတို့ပညာတွေမစုံသေးမှန်းသိလိုက်ရသည်မလား။

မိဖုရားကြီးကရှေ့လျှောက်လိုက်နောက်လျှောက်လိုက်နှင့်ဒေါသတွေထွက်နေပြီးဘယ်သူ့ပုံချရမှန်းမသိတာကြောင့်သူမရဲ့သမီးတော်ကိုတစ်နေ့လုံးအော်ဟစ်ဆူပူနေခဲ့သည်။

"မယ်တော်,သမီးတော်စာပေပညာမှာအထူးချွန်ဆုံးဖြစ်အောင်ကြိုးစားခဲ့တာအမှန်ပါဒါ..ဒါပေမယ့်"

"ဒါပေမယ့်ဘာဖြစ်လဲ..ဘာဖြစ်လဲလို့မင့်အဖိုးနဲ့ငါကသူတို့ကိုဘယ်လိုပဲစည်းရုံးဖို့ကြိုးစားကြိုးစားမရတော့ဘူးအဲ့အဖိုးကြီးတွေကအဲ့မျိုးမစစ်ကောင်ကိုပဲသစ္စာခံဖို့ကြိုးစားနေကျတာ"

"မယ်တော်,သမီးတော်တောင်းပန်ပါတယ်"

"သွား..သူထီးနန်းမတက်ခင်သတိုးကျော်စွာနဲ့စစ်သူကြီးအလောင်းအလျာတွေကိုကိုယ့်ဘက်ပါအောင်သွားလုပ်ထားမဟုတ်ရင်မယ်တော်တို့အားလုံးသေပြီပဲ..သမီးတော်သဘောပေါက်တယ်မလား"

"စိတ်ချပါမယ်တော်ဒီလူတွေကအစကတည်းကသမီးရဲ့လူတွေပါ"

သီတာဒေဝီရဲ့မျက်လုံးထဲမှာတွက်ချက်မှုတွေပြည့်နေပြီးမိဖုရားကသူမရဲ့သမီးကိုဂုဏ်ယူစွာကြည့်မိလိုက်သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now