23

1K 112 2
                                    

ပန်ဒိုရာသက်ပြင်းဘယ်နှကြိမ်ချမိသလဲတောင်မသိတော့။လူခြောက်ယောက်ကအခန်းထဲမှာဆွေးနွေးနေကြပေမယ့်တကယ်တမ်းတော့တစ်ယောက်ထဲကသာပြောဆိုနေရခြင်းဖြစ်ပြီးကျန်ငါးယောက်ကတော့တစ်ခွန်းမှဝင်ပြောခြင်းမရှိ။

"ဒါဆိုမင်းတို့ပြောကြည့်သမိုင်းမှာဘယ်ဘုရင်ကကြင်ယာတော်မပါပဲနန်းတက်သလဲ"

"......"

လူငယ်လေးတွေကမျက်မှောင်ကျုံ့ထားကြပြီးပါးစပ်တွေကိုတင်းတင်းပိတ်ထားကြသည်။

"မင်းတို့မျက်လုံးထဲမှာငါကကြင်ယာတော်တစ်ပါးရှိဖို့တောင်မတန်ဘူးလား"

သတိုးကျော်စွာ,အံကြိတ်လိုက်ပြီး

"အရှင့်သားရဲ့အတွေးထဲမှာရောကျွန်တော်မျိုးတို့ကဘာတွေလဲဒီတိုင်းအနောက်ဆောင်ကတန်ဖိုးမရှိတဲ့လူတွေပဲလား"

"ဘယ်သူကတန်းဖိုးမရှိဘူးလို့ပြောနေလို့လဲမင်းတို့ကငါ့အတွက်အရမ်းအဖိုးတန်တယ်"

"ထီးနန်းအတွက်လား"

တော်ဝင်နန်းဆောင်ထဲရှိလေထုမှာပြင်းထန်သထက်ပြင်းထန်လာသည်။

"ကောင်းပြီငါ့မှာကိုယ်လုပ်တော်အနေနဲ့မယ်နုလေးရှိတာပဲလေငါသူ့ကိုလက်ဖျားနဲ့တောင်ထိခဲ့လို့လား..မင်းတို့ဘာတွေဒီလောက်ထိ,အထိမခံဖြစ်နေကြတာလဲ"

"ကျွန်တော်မျိုးတို့သာမတားနိုင်ခဲ့ရင်အရှင့်သားမှာအခုဆိုကလေးဘယ်ယောက်တောင်ရနေလောက်ပြီလဲဟမ်!"

မင်းဆက်ဝဏ္ဏကပြောနေရင်းဒေါသထွက်ကာအရှင့်သားရဲ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီးဘယ်လောက်ပင်ရုန်းနေပါစေမလွှတ်ပေးခဲ့။

"လူတွေအများကြီးထဲမှာမှဘာလို့ကျွန်တော်မျိုးရဲ့ညီမတော်လဲ"

သတိုးကျော်စွာရဲ့နားမလည်နိုင်သလိုမျက်နှာထားကိုလျစ်လျူရှုပြီးပန်ဒိုရာမတ်တပ်ထရပ်လိုက်ကာ

"ငါ့ကံကြမ္မာကိုငါစိန်ခေါ်ကြည့်ချင်လို့"

ထို့နောက်အခန်းတံခါးကိုတွန်းဖွင့်ပြီး​ခြေဦးတည့်ရာလျှောက်သွားနေလိုက်သည်။အိမ်ရှေ့စံစိတ်အခြေအနေမကောင်းမှန်းသိလို့ကုန်းကုန်းရောအပျိုတော်များကပါအနှောက်အယှက်မပေးရဲပဲတိတ်တိတ်ကလေးသာနောက်မှလိုက်လာကြသည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now