9

1.3K 134 12
                                    

{}ကိုEngဘာသာစကားဖြင့်ပြောဆိုသည်ဟုမှတ်ယူပေးပါရန်

သူရမြတ်သူ,အိမ်ထဲမှာရုပ်တည်ကြီးနဲ့ထိုင်နေတဲ့အိမ်ရှေ့စံကြောင့်ဘာလုပ်လို့ဘာကိုင်ရမှန်းပင်မသိတော့။သူ့အိမ်တော်ကဧည့်သည်ကိုကြိုဆိုဖို့အတွက်ကူညီမယ်ဆိုတုန်းကအနောက်တိုင်းဘာသာစကားတတ်ကျွမ်းသူတစ်ယောက်ကိုရှာပေးလိမ့်မည်ဟုသာထင်ခဲ့မိသည်။အခုတော့အချွေအရံအနည်းငယ်နှင့်သူ့အိမ်ဆီရောက်လာခဲ့ပြီးဧည့်သည်ကိုကြိုဆိုဖို့ပြင်နေခဲ့သည်။

ဒါကသူ့မိသားစုကိုမင်းပြစ်မင်းဒဏ်သင့်ပြီးဆွေခုနှစ်ဆက်မျိုးခုနှစ်ဆက်အသတ်ခံရအောင်လုပ်နေတာမဟုတ်ဘူးလား။

တောင်အရပ်ကိုကာကွယ်ရသည့်စစ်သူကြီးမိသားစုကအိမ်ရှေ့စံကိုဧည့်ကြိုခိုင်းတယ်ဆိုတဲ့သတင်းသာလူတွေကြားပျံ့နှံ့ကုန်ရင်။သူရမြတ်သူဓါးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်မိလိုက်သည်။

အိမ်ရှေ့စံကထီးနန်းရယူဖို့နီးကပ်လာပြီမို့သရုပ်မှန်ထုတ်ဖော်လာပြီဟူသောကောလဟာလတွေပျံ့နှံ့နေပြီးသူကိုယ်တိုင်လဲအိမ်ရှေ့စံရဲ့ပြောင်းလဲမှုကိုမျက်မြင်တွေ့ခဲ့ရသူဖြစ်သည်။သူတို့မိသားစုကမိဖုရားကြီးဘက်စိတ်ယိုင်နေတာသိလို့များသုတ်သင်ဖို့ရောက်လာတာလား။

'သတ္တိရှိရင်လုပ်ကြည့်လိုက်လေဘယ်သူ့ခေါင်းအရင်ပြတ်မလဲဆိုတာ!'

သူရမြတ်သူအတွေးများနေတုန်းဧည့်ကြိုခရာတီးမှုတ်လာတာမို့အလျှင်အမြန်ပြေးထွက်လာလိုက်သည်။ဧည့်သည်တော်ကိုတွေ့သည့်နှင့်ပြုံးပြလိုက်ပြီးဘာဆက်လုပ်ရမှန်းမသိတော့ပဲထိတ်လန့်သွားသည့်အချိန်နိုင်ငံခြားသားကသူ့ကိုအထင်သေးသလိုကြည့်လာတာကြောင့်သူရမြတ်သူ,လက်ထဲကဓါးကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်မိသည်။

သူတို့ဘက်ကပါလာသောဘာသာပြန်ဖြစ်ပုံရသည့်လူကစတင်မိတ်ဆက်လာပါသော်လည်းမပီပြင်မှုကြောင့်ဘာမှမသဲကွဲ။လေထုကတစ်ဖြည်းဖြည်းတင်းမာလာသည့်အချိန်တွင်သာသာချိုမြိန်သည့်အသံလေးကဖြတ်ဝင်လာသည်။

{Hello!}

လူတွေအကုန်လုံးကအိမ်ရှေ့စံကိုကြောင်အစွကြည့်လာကြသည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now