29

1.1K 139 16
                                    

ဘုရင်ကြီးကအလိုမကျသလိုမျက်မှောင်ကျုံ့လိုက်ပြီး

"အချစ်ဒါတွေကတကယ်ရောဟုတ်ရဲ့လား"

"အရှင်ကကျွန်တော့်မျိုးကိုမယုံတာလား"

"မဟုတ်ဘူးကိုယ်မင်းကိုသိပ်ယုံတာပေါ့..ဒါပေမယ့်.."

"ဟမ့်!ကျွန်တော်မျိုးလည်းအစကလုံးဝမယုံခဲ့ဘူးအခုဆိုအရှင့်ရဲ့သားတော်ကသူ့ချစ်သူတွေကိုညတိုင်းအတူခေါ်အိပ်တဲ့အထိတောင်အတင့်ရဲနေပြီ"

"ကိုယ်အာဏာနဲ့ချိန်းခြောက်လိုက်ရမလား"

"အရှင့်သားကသူချစ်သူတွေနဲ့ထွက်ပြေးသွားရင်ရော...ကျွန်တော်မျိုးလိုမျိုးလေ"

မင်းကြီးကသူ့ရင်ခွင်ထဲကလူကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်သည်။တစ်ချိန်ကခံစားခဲ့ရသောစိတ်ဒဏ်ရာတွေကသူ့အသိစိတ်ထဲပြေးဝင်လာခဲ့တာကြောင့်ကြောက်လန့်မှုသက်သာစေရန်သူ့ရင်ခွင်ထဲကလူသားကိုအကြိမ်ကြိမ်ထိတွေ့နေလိုက်သည်။သူတို့အတူတူရှိနေပြီဖြစ်ပေမယ့်သူ့စိတ်ထဲမှာ​ထိန့်လန့်မိနေတုန်းပဲ။

"မိဖုရားခေါင်ကြီးကြွချီလာပါတယ်"

ကုန်းကုန်းကအလျှင်အမြန်ထပြီးမှင်သွေးဖို့လုပ်ပေမယ့်ဘုရင်ကြီးကပြန်ဆွဲလိုက်တာကြောင့်ရင်ခွင်ပြန်ကျသွားကာနှစ်ယောက်သားလုံးထွေးကာအခြေအနေကလွန်စွာဆိုးဝါးနေသည်။

"မင်းကြီးဒါကဘယ်လိုလုပ်ရပ်မျိုးပါလဲ!!!!"

မိဖုရားခေါင်ကြီးမှာဖခင်ရဲ့စစ်တပ်သိမ်းဆည်းခံရမှုကြောင့်သွေးပျက်နေစဥ်အသုံးမကျတဲ့သမီးကလည်းဘာအခွင့်အရေးမှမဆုပ်ကိုင်ထားနိုင်ခဲ့။နောက်ဆုံးမျှော်လင့်ချက်ဖြစ်သောတရားသူကြီးထံမှပါစွန့်ပြစ်ခံလိုက်ရသေးသည်။

သူတို့ကျူးလွန်ခဲ့သောဘယ်ပြစ်မှုမဆိုသက်သေမကျန်အောင်လုပ်ခဲ့တာကြောင့်နန်းတွင်းမှာအသက်ရှင်လျှက်နေထိုင်ဖို့မျှော်လင့်လို့ရသေးသည်။လက်ထပ်ခဲ့သောထိုနေ့မှစ၍ယနေ့အချိန်သူ့အသားကိုတစ်ခါမျှမထိခဲ့တာကြောင့်သံသဝင်ခဲ့ပေမယ့်ထိုရွံ့စရာကောင်းသောလူကသူမှလွှဲ၍အခြားကိုယ်လုပ်တော်များဆီနေ့တိုင်းသွားနေခဲ့သည်။တစ်ယောက်မှကလေးမရှိလာလို့ဝမ်းသာနေစဥ်မှာပင်,ကလေးတစ်ယောက်ကိုနန်းတွင်းထဲခေါ်လာခဲ့ပြီးသူ့သားတော်ဖြစ်ကြောင်းအခိုင်အမာပြောဆိုခဲ့သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now