11

1.3K 131 14
                                    

ပန်ဒိုရာမျက်နှာကြီးတစ်ခုလုံးရှုံ့မဲ့နေသည်။

"ဖခမည်းတော်မှာကုန်းကုန်းတွေဒီလောက်များနေရက်နဲ့ဘာလို့သားတော်ရဲ့ကုန်းကုန်းကိုပဲအမှုတော်ထမ်းခိုင်နေရတာလဲ"

ဘုရင်ကြီးမှာမျက်နှာတစ်ချက်ပင်မပျက်

"ကိုယ်တော်ရဲ့ကုန်းကုန်းတွေကဘာတစ်ခုမှစိတ်တိုင်းကျစရာမရှိဘူးဒါကြောင့်သားတော်ရဲ့ကုန်းကုန်းကိုအမြဲခေါ်နေရတာပဲ"

ကုန်းကုန်းမှာသူ့အကြောင်းပြောနေတာမဟုတ်သလိုပင်။ခေါင်းငုံ့ပြီးမင်သွေးနေကာအိမ်ရှေ့စံကိုရောဘုရင်ကြီးကိုပါလျှစ်လျူရှုထားသည်။

"သားတော်ပြန်ခေါ်သွားမယ်ကုန်းကုန်းမရှိရင်အဆင်မပြေဘူးအပျိုတော်တွေရောတစ်ခြားလူတွေရောစိတ်တိုင်းကိုမကျဘူး"

ဘုရင်ကြီးချောင်းဟမ့်လိုက်ပြီး

"ကုန်းကုန်းသားတော်နဲ့လိုက်သွားလိုက်ပါညကျရင်တော့ကိုယ်တော့်ကိုစာချွန်တော်ဖတ်ကြားပြဖို့ပြန်လာခဲ့"

အရင်ကသူသည်းခံခဲ့တယ်ဆိုတာဖိဖုရားခေါင်ကြီးနဲ့အမတ်ကြီးကအာဏာတွေပြင်းထန်လွန်းနေပြီးလွန်ဆန်ဖို့ခွန်အားနည်းနည်းတောင်သူ့မှာမရှိခဲ့လို့။အခုတော့အခြေအနေတွေကပြောင်းပြန်ဖြစ်လာခဲ့ပြီ။နန်းတွင်းအာဏာသာမက၊ပြည်သူတွေဆီကယုံကြည်မှုနှင့်တိုင်းတစ်ပါးရဲ့ထောက်ခံမှုတွေပါရရှိထားပြီမို့သားတော်ရဲ့အာဏာကမြဲနေခဲ့ပြီဖြစ်သည်။

ချစ်ရတဲ့ထိုလူသားနှင့်နည်းနည်းလေးတောင်ထပ်မဝေးလိုတော့။

ပန်ဒိုရာရဲ့မျက်နှာမျာဒေါသကြောင့်ရဲရဲနီလာတော့သည်။

"ညကျလည်းကုန်းကုန်းကသားတော်ကိုအစီရင်ခံစာတွေဖတ်ပြရအုန်းမှာပါဖခမည်းတော်အတွက်စိတ်မကောင်းပါဘူး"

သူ့ကိုလှည့်မကြည့်ပဲထွက်သွားတဲ့သားတော်ကိုကြည့်ပြီးဘုရင်ကြီးမှာနရင်းပင်ပြေးအုပ်ချင်လာသည်။

'ငါမင်းကိုမမွေးခဲ့သင့်ဘူး'

ချစ်ရသူကလည်းသူ့စကားထက်သားတော်ရဲ့စကားကိုသာအလေးထားသူဖြစ်သည်။သားတော်နောက်ပြေးလိုက်သွားတာများသူ့ဘက်ကိုတစ်ချက်တောင်လှည့်ကြည့်မလာ။တင်ပါးလုံးလုံးလေးကိုပြေးမကိုက်မိဖို့မနည်းကိုစိတ်ထိန်းထားရသည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now