34

974 133 4
                                    

ကလေးတွေကပန်ဒိုရာကိုစုပြုံကာတိုးဖက်ထားကြသည်။သူတို့ကငယ်ရွယ်သေးတာမို့ဘုရင်တစ်ပါးကိုကြောက်ရကောင်းမှန်းမသိကြသေး။အရွယ်ရလာပြီဖြစ်တဲ့ကလေးများကတော့ပန်ဒိုရာရဲ့ခပ်လှမ်းလှမ်းမှာမတ်တပ်ရပ်နေကြသည်။

"အရှင်,ကလေးတွေကိုမပွေ့ချီပါနဲ့သူတို့ကိုယ်ကအရမ်းလေးတယ်"

မင်းစေမဟာက,အရှင့်ကိုယ်ပေါ်က,ကလေးများကိုဆွဲယူရင်းပြောလေသည်။

"ဟမ်း!ရပါတယ်ငါဒီလောက်တော့သန်မာပါသေးတယ်"

သို့သော်မင်းစေမဟာကလက်မခံ။ကလေးတွေကိုယူပြီးအဝေးတစ်နေရာမှာသွားကစားခိုင်းလိုက်သည်။

"ဟိုကလေးတွေကဘာလို့မတ်တပ်ရပ်နေတာလဲ..လုပ်စရာရှိတာသွားလုပ်ကြပါ"

ပန်ဒိုရာဆီမှခွင့်ပြုချက်ရသည်နှင့်အနည်းငယ်ကြီးရင့်နေပြီဖြစ်သောကလေးများကပြေးထွက်သွားကြပေမယ့်ပိန်ပိန်ရှည်ရှည်နှင့်ကလေးတစ်ယောက်ကလက်ကိုနောက်ပြစ်ထားရင်းပန်ဒိုရာကိုမဝံ့မရဲကြည့်နေရှာသည်။

"ဟုတ်ပြီကလေးလေး,ဒီမင်းကြီးကိုတစ်ခုခုပြောချင်တာများရှိလား"

ကလေးကမျက်တောင်တစ်ဖြတ်ဖြတ်ခတ်ရင်းပါးစပ်ကအနည်းလှုပ်ခတ်သွားပေမယ့်ဘာသံမှထွက်မလာ။မင်းစေမဟာကမျက်မှောင်ကျုံ့လိုက်ပြီး

"အရှင့်ကိုအနှောက်အယှက်မပေးနဲ့ဘာမှလျှောက်တင်စရာမရှိရင်အခုထွက်သွားတော့"

ထိုလူငယ်လေးကရဲဆေးတင်ဟန်ဖြင့်အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရူလိုက်ပြီးပန်ဒိုရာရှေ့မွှေးကြိုင်သောပန်းစည်းကိုထိုးပေးလာသည်။ပန်းစည်းကသေသေချာချာစည်းထားဟန်ပေါ်ပေမယ့်ကလေး,တစ်ယောက်ရဲ့လက်ရာဖြစ်တာကြောင့်မသေမသပ်ဖြစ်နေဆဲ။တောပန်းလေးပေမယ့်လှပပြီးမွှေးကြိုင်လှသည်။

"အိုး..ကျေးဇူးတင်ပါတယ်"

"ကျွန်..ကျွန်တော်မျိုးအရွယ်ရောက်လာရင်ပိုတန်ဖိုးကြီးပြီးပိုလှတာကိုဆက်သပါ့မယ့်ဒါကြောင့်ကျွန်တော်မျိုးအသက်ပြည့်ရင်တော်ကောက်ပေးပါ"

"ဟမ်!"

ကလေးက,ပြောပြီးပြီးချင်းအဝေးသို့ထွက်ပြေးသွားသည်။ပန်ဒိုရာကခနကြောင်အ,နေပြီးမှသတိဝင်လာတာအားရပါးရရယ်မောမိတော့သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now