ကိုယ်ရံတော်လေးယောက်ကသူ့ကိုအလှည့်ကျစောင့်ရှောက်ပေးပြီးသတိုးကျော်စွာကတော့အမှုဖြေရှင်းပြီးသည်နှင့်သူ့နားပြေးလာတတ်သည်။ဘယ်ကစမှားယွင်းခဲ့မှန်းမသိပေမယ့်သူနေသားကျလာသလိုခံစားနေရသည်။အမတ်ချုပ်ကြီးမှာတကယ်ကိုငြိမ်ကျသွားပြီးဘာသံမှထပ်မကြားရတော့။ပုံမှန်ဆိုအလုပ်ရှုပ်နေသင့်တာကို။အင်းလေစစ်တပ်အင်အား,အားလုံးကသူ့ဘက်မှာခိုင်ခိုင်မာမာရှိနေမှတော့ဘယ်လိုလုပ်,လှုပ်ရှားရဲတော့ပါ့မလဲ။နန်းလုပွဲတောင်ဖြစ်မလာတော့လောက်ဟုတွေးမိပေမယ့်သူ့အတွေးသက်သက်သာဖြစ်သည်။
သူနေ့လည်စာသုံးဆောင်နေတုန်းသတိုးကျော်စွာကငြိုးငယ်သောမျက်နှာနှင့်ရောက်လာခဲ့သည်။ဘာမပြောညာမပြောနှင့်သူ့ပေါင်ပေါ်ခေါင်းချအိပ်လိုက်ပြီးမျက်လုံးတွေမှိတ်ထားကာအလွန်ပင်ပန်းနေပုံပေါ်နေတာကြောင့်ပန်ဒိုရာကကြက်သားကိုဖဲ့ယူလိုက်ပြီးပါးစပ်ထဲထည့်ပေးလိုက်သည်။သတိုးကျော်စွာကပြုံးစိစိဖြင့်ကြက်သားကိုဝါးစားလိုက်ပြီးအကြိမ်ပေါင်းများစွာပါးစပ်ထပ်ဟလာခဲ့တော့သည်။
'ဟုတ်ပြီဒါကငါ့အမှားပဲ'
ပန်ဒိုရာ,သတိုးကျော်စွာရဲနားထင်လေးကိုဖြည်းငြင်းစွာနိပ်နယ်ပေးလိုက်တော့သတိုးကျော်စွာကမျက်လုံးဖွင့်ကြည့်လာပြီးပြန်မှိတ်သွားသည်။နောက်ဆုံးမှာတော့သူကအသက်ရူသံမှန်မှန်ဖြင့်အိပ်ပျော်သွားတော့သည်။
သတိဝင်လာချိန်မှာတော့ပန်ဒိုရာလက်ကိုအလန့်တကြားခါထုတ်လိုက်မိသည်။သူကဒါကိုထပ်ခါတလဲလဲပြုလုပ်ဖူးသလိုမျိုး၊ရင်းနှီးနေသလိုမျိုးဘာလို့ခံစားနေရတာလဲ။
နေသွေးမဂ္ဂအခန်းထဲဝင်လာတော့သတိုးကျော်စွာကအရှင့်သားပေါင်ပေါ်မှာအိပ်နေတာကိုမြင်လိုက်ရတာကြောင့်နှာခေါင်းရှုံ့လိုက်ပြီးခြေထောက်ဖြင့်ဆာင့်ကန်လိုက်ပေမယ့်ထိုလူပွစိပွစိရေရွတ်ပြီးအရှင့်သားရဲ့လက်ကိုဖမ်းဆွဲကာပြန်အိပ်ပျော်သွားတော့သည်။
"ဟွန့်..အရှက်မရှိတဲ့ကောင်ဉာဏ်ကောင်းတာကလွှဲပြီးဘာမှသုံးစားမရဘူးစစ်မြေပြင်မှာဆိုသေတာကြာပေါ့"
YOU ARE READING
ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!
Actionပန်ဒိုရာဟာနိုင်ငံအစိုးရကတောင်ဖူးဖူးမှုတ်ထားရတဲ့လက်နက်ရာဇာကြီးတစ်ယောက်ဖြစ်သည်။သူ့ဘဝမှာတစ်ဖက်သတ်ချစ်ရတဲ့အကိုကြီးကလွှဲရင်ဘယ်သူ့အပေါ်မှမချိုသာဖူး၊မနှိမ့်ချဖူးခဲ့။ကိုယ်ကိုယ့်ကိုယ်မသေမျိုးတစ်ပါးလိုမျိုးစိတ်ကြီးဝင်နေခဲ့တဲ့ပန်ဒိုရာဟာတစ်နေ့မှာတော့ရင်ဘတ်ကိုဖေ...