EXTRA

1.1K 119 2
                                    

မင်းမြတ်မဟာ,ပြသနေသောရုပ်ရှင်ကိုကြည့်ရင်းသက်ပြင်းသဲ့သဲ့ချလိုက်သည်။

"သောက်ကျိုးနည်းကောင်ဘုရင်တစ်ပါးကအမျိုးသားကိုယ်လုပ်တော်တရုန်းရုန်းနဲ့နေတာတောင်လွန်လှပြီကို,ကလေးတွေအများကြီးတောင်မွေးလိုက်သေးတယ်!"

"ရှင်ဘာစကားပြောတာလဲကျွန်မတို့ဘုရင်ကြီးကိုရှင်ကဘာမို့လို့ဝေဖန်နေရတာလဲ"

"ငါ..ငါ"

"မိန်းကလေး..ကိုယ့်နေရာကိုယ်နေစမ်း!"

မင်းမြတ်မဟာ,ကတီးတိုးရေရွတ်လိုက်တာပေမယ့်နောက်ကမိန်းကလေးကကြားသွားပြီးသူ့ကိုရန်တွေ့လာသည်။ရန်ဖြစ်ရာမှာညံ့တဲ့သူကဘာလုပ်ရန်မှန်းမသိဖြစ်နေစဥ်ရံရံကဝင်ပြောပေးလိုက်မှာသာထိုမိန်းကလေးကပြန်ငြိမ်သွားသည်။သို့သော်သူ့အဖော်မိန်းကလေးနှင့်တီးတိုးရေရွတ်နေသေးသည်။

"သူ့ရုပ်ကကြောင်ချီးရေမွှန်းထားတဲ့ရုပ်နဲ့ငါ့ရဲ့ဘုရင်ကြီးကိုဝေဖန်ချင်နေသေးတယ်"

"ဟုတ်ပ..ဟမ့်!သူ့ဘေးကကျွဲလိုနှစ်ကောင်ကြောင့်သာမဟုတ်ရင်နှစ်ခြမ်းဆွဲဖြဲပြစ်လိုက်ပြီ!"

"ဟုတ်ပဟယ်!"

သူ့ဘေးမှရံရံနဲ့ကိုကို​ရဲ့လက်ကိုမင်းမြတ်မဟာဖိဆွဲထားလိုက်ရသည်။ကိုယ်တော်နှစ်ပါးကမိန်းကလေးတွေဘာတွေနားလည်တာမဟုတ်။

ရုပ်ရှင်ပြီးသွားတော့သုံးယောက်သားအပြင်သို့နောက်ဆုံးမှထွက်လာခဲ့ကြသည်။ရုပ်ရှင်အဝင်ဝတွင်ချိတ်ဆွဲထားသော

'ဘုရင်ကြီးရဲ့အနောက်ဆောင်အန္တာရာယ်များလွန်းတယ်!'

ဟူသောပိုစတာကြီးကခံငြားစွာတည်ရှိနေသည်။

ပိုစတာထဲတွင်သေးသေးကွေးကွေးအမျိုးသားကို,ထွားကြိုင်းလှသောအမျိုးသားငါးယောက်ကဝန်းရံထားပြီးကလေးပုစိလေးတွေကပိုစတာအနှံပျံ့ကျဲနေသည်။တစ်ကယ်လည်းမှန်လှပေသည်။ဘုရင်ကြီးရဲ့အနောက်ဆောင်ကခွန်အားကြီးမားလွန်းလို့မည်သူကမှ'ပါရှား'တိုင်းပြည်ကြီးကိုမထိရဲခဲ့ကြပေ။

'ကြောင်ချီးရေမွှန်းထားတဲ့ရုပ်လား..ဟမ်း!မင့်အဖေနဲ့ငါကတစ်ရုပ်ထဲကွ'

You've reached the end of published parts.

⏰ Last updated: Feb 26 ⏰

Add this story to your Library to get notified about new parts!

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now