32

1K 119 5
                                    

လူနှစ်ယောက်ကခေါင်းအစခြေအဆုံးအားလုံးတူညီနေပေမယ့်စိတ်နေစိတ်ထားကတော့မိုးနဲ့မြေလိုကွာခြားလှသည်။

"ဒီမှာပိတ်မိနေတာဘယ်လောက်ကြာပြီလဲ"

"မသိဘူးခန့်မှန်းခြေတော့၂ရက်လောက်ဖြစ်မယ်ထင်တယ်"

ပန်ဒိုရာလက်နှစ်ဖက်ကိုအပြန်ပြန်အလှန်လှန်ဆုပ်နှယ်ရင်းစိတ်လှုပ်ရှားမှုကိုဖြေလျှော့နေသည်။ထိုသူကတော့သူနှင့်မတူစွာတည်ငြိမ်နေလျှက်။

"ငါတို့သေသွားတာလား"

"မဟုတ်ဘူးငါတို့ဝိညာဥ်ဘဝရောက်နေတာမကြောက်နဲ့ငါအရင်ကဒီအခြေအနေကိုကြုံဖူးတယ်ကြောက်စရာမလိုပါဘူး"

"မင်း..မင်းက"

"မင်းနဲ့ငါကတစ်ယောက်ထဲပဲ"

"ဘာ..ဘာပြောလိုက်တာ"

မင်းမြတ်မဟာ,ပန်ဒိုရာရဲ့ပုခုံးကိုပုတ်လိုက်ပြီးကိုယ်ချင်းစာသောမျက်လုံးများနှင့်ကြည့်လိုက်သည်။သူသိခဲ့ရတဲ့အချိန်တုန်းကလည်းအရမ်းထိန့်လန့်သွားခဲ့ရတာ။

"ဟိုအရင်မင်းသေနတ်မှန်ပြီးသေလုမြှောပါးဖြစ်တဲ့အချိန်ငါ,ကသိုင်းပညာသင်ကြားပေးတဲ့ဆရာရဲ့အရိုက်ခံရပြီးဝိညာဥ်ထွက်သွားခဲ့တာပြီးတော့မင်းကငါ့ခန္တာယ်ထဲဝင်လာတာလေငါအဲ့ဒီအချိန်ကငါဝိညာဥ်ဘဝနဲ့အရာအားလုံးကိုမြင်နိုင်ခဲ့တယ်..နှစ်လလောက်ကြာတော့ငါ,ခန္တာကိုယ်တစ်ခုထဲအလိုလိုရောက်သွားခဲ့တာအဲ့ဒီခန္တာယ်ကိုယ်ကသေနတ်ဒဏ်ရာကြောင့်ကိုမာဖြစ်နေခဲ့တဲ့မင်းရဲ့ခန္တာကိုယ်လေ"

"ငါ..ငါကမသေခဲ့ဘူးလား"

"မသေခဲ့ဘူး..ဆိုတော့မင့်ရဲ့ခန္တာကိုယ်ဆီပြန်သွားချင်တာလား"

"ငါ..ငါ"

ပန်ဒိုရာတွေဝေသွားသည်။သူ့ရဲ့ဘဝဆီသေချာပေါက်ပြန်သွားချင်တာပေါ့။သူနေတဲ့ခဲ့တဲ့အိမ်တော်၊ခေတ်မီနေတဲ့အသုံးအဆောင်တွေ၊သူ့တပည့်တွေ၊သူ့ဂိုဏ်းပြီးတော့အကိုကြီး။အရင်တုန်းကတော့ဖခမည်းတော်နဲ့ကုန်းကုန်းကိုအန္တာယ်ကင်းအောင်လုပ်ပေးပြီးရင်သေချာပေါက်အရင်ဘဝဆီရအောင်ပြန်သွားမည်ဟုဆုံးဖြတ်ထားခဲ့သည်။သို့သော်သူ့ဘဝထဲထိုလူတွေဝင်လာချိန်မှာတော့...။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now