2

1.7K 145 10
                                    

"ဟား..ဟား..ဟား.."

ဘုရင့်ရယ်သံကျယ်ကြီးကြောင့်အနီးအနားရှိသစ်ပင်ပေါ်မှငှက်ကလေးများပင်အလန့်တကြားထပျံကြကုန်သည်။

"အဲ့တော့သားတော်လေးကဆရာ့ကိုဒဏ်ရာရအောင်တိုက်ခိုင်လိုက်နိုင်တယ်ပေါ့"

ပန်ဒိုရာမှာဇာတ်ကြောင်းကိုအနည်းနားလည်လာပြီဖြစ်တာကြောင့်အနည်းငယ်လိုက်လျောညီထွေဖြစ်လာသည်။သူမှတ်မိသည့်ရုပ်ရှင်ထဲကအမြောက်စာဇာတ်ကောင်စရိုက်အတိုင်းမျက်နှာကိုအားငယ်ထိန့်လန့်နေသည့်ပုံဖမ်းရင်းတူတွေကိုထမင်းပုဂံထဲထိုးဆွပြီးခေါင်းအသာငြိမ့်ပြလိုက်သည်။

လျှစ်လျူရှုခံထားရသည့်မင်းသမီးလေးမှာမနာလိုမှုကြောင့်ဒေါသတကြီးဖြစ်လာသော်လည်းကြင်နာတတ်သည့်အမကြီးပုံရိပ်ကိုဖမ်းပြီး

"ခမည်းတော်မေးရင်တရိုတသေဖြေဆိုရမယ်လို့အမတော်ပြောထားတယ်လေဘယ်လိုကြောင့်ရိုင်းစိုင်းနေရတာတုန်း!"

ဘုရင်းကြီးကအနည်းငယ်မျက်နှာပျက်သွားသော်လည်းစိတ်ကိုထိန်းပြီးပြုံးထားဆဲပင်။ကုန်းကုန်းမှာတော့ဘုရင်ကြီးကိုအားကိုးလို့မရမှန်းသိသည့်နှင့်စိတ်ထဲကကျိန်ဆဲပြီးကိုယ့်အားကိုယ်ကိုးကာ

"မင်းသမီးလေးအရှင်ကြီးရှေ့မှာအသံမာတာကဘုရင်ကြီးကိုပုန်ကန်ရာရောက်ပါတယ်ပြန်လည်ဆင်ခြင်တော်မူပါ"

ဘုရင်ကြီးမှာမူလကပုံမှန်သာဖြစ်သော်လည်းကုန်းကုန်းစကားကြာသည်နှင့်မျက်နှာတည်တင်းကာဝတ်ရုံတော်ကိုခါပြီးထွက်သွားတော့သည်။

"ခမည်းတော်ဘုရားဒီအမိုက်မဲကိုခွင့်လွှတ်တော်မူပါ..ခွင့်လွှတ်ပေးတော်မူပါ"

သူမနဖူးနဲ့ကြမ်းပြင်ကိုသွေးထွက်မတတ်ထိခတ်ပြီးတောင်းပန်ပေမယ့်အရှင်မင်းကြီးရဲ့အရိပ်အယောင်ပင်မမြင်ရတော့။နောက်ဆုံးတော့သူမဟာပြာယာခတ်ပြီးတော်ဝင်ဖိဖုရားနန်းဆောင်သို့အန္ဒြေမထိန်းနိုင်စွာပြေးထွက်သွားတော့သည်။

တော်ဝင်စားသောက်ဆောင်မှာပန်ဒိုရာရယ်သူ့ရဲ့ကုန်းကုန်းဆိုသူရယ်နှစ်ယောက်သာကျန်ခဲ့ပြီးဟန်ဆောင်ဖို့မလိုတော့တာကြောင့်တူကိုမ,ပြီးအရသာရှိတာတွေကိုတစ်ခုပြီးတစ်ခုနှိက်စားတော့သည်။ပန်ဒိုရာအစကကုန်းကုန်းဆိုသူကတားဆီးလာမည်ဟုထင်ထားပေမယ့်ကုန်းကုန်းကတားဆီးမလာသည့်အပြင်အရသာရှိတာတွေကိုပါသူ့ပန်ကန်ထဲထည့်ပေးလာပြီးငါးရိုးများပင်နွှင်ပေးလာသည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now