21

1K 112 4
                                    

ညီလာခံအခင်းအကျင်းကိုကြည့်ပြီးပန်ဒိုရာနှာခေါင်းရှုံ့လိုက်သည်။ပုလ္လင်ပေါ်မှာဘုရင်ကြီးနဲ့မိဖုရားခေါင်းကြီသို့ရှိနေပြီးပုလ္လင်ရဲ့တစ်ဖက်တစ်ချက်မှာသူနှင့်သီတာဒေဝီမင်းသမီးတို့ကတူညီတဲ့အဆင့်နေရာမှာတည်ရှိနေသည်။သူကအဆင့်အတန်းခွဲခြားရတာမကြိုက်သလိုအာဏာကိုလဲမမက်မောပေ။သို့သော်အိမ်ရှေ့စံက,မင်းသမီးထက်တစ်ဆင့်မြင့်သောနေရာမှာရှိသင့်သည်ကိုတော့သိလေသည်။

'ဘယ်လိုတောင်နထင်သွေးရောက်မှုကြီးလဲ'

မိဖုရားကြီးကလက်ကိုဝှေ့ယမ်းလိုက်ပြီး

"တိုင်းပြည်ရဲ့အိမ်ရှေ့စံကဘယ်လိုဖြစ်လို့ညီလာခံချိန်ကိုနောက်ကျနေရတာပါလဲစည်းကမ်းအသေးအဖွဲ့လေးကိုတောင်မလိုက်နာနိုင်ရင်ထီးနန်းဆက်ခံတဲ့အခါသေချာပေါက်တိုင်းပြည်ပျက်ရပါလိမ့်မယ်မင်းသမီးလေးကမိန်းကလေးတန်မဲ့နိုင်ငံအရေးကိုအားကြိုးမာန်တက်လုပ်ဆောင်နေချိန်မှာအိမ်ရှေ့စံတစ်ပါးကဘယ်လိုလုပ်ပေါ့လျော့နေနိုင်ရတာပါလဲ"

မိဖုရားရဲ့အမူအယာမှာမိခင်ကောင်းတစ်ယောက်ကဆုံးမနေဟန်ဖြစ်နေပေမယ့်လူပုံအလည်မှာပညာသားပါပါအရှက်ခွဲနေခြင်းသာဖြစ်သည်။

"မယ်တော်ကိုဂါဝရပြုပါတယ်ဒီမင်းသားငယ်ကညီလာခံနောက်မကျအောင်ကြိုးစားပါ့မယ်မိဘမဲ့ကလေးငယ်လေးတွေနဲ့စာသင်ဆရာတွေကို'အင်ပါယာ'ဘာသာစကားသင်ကြားချိန်လျှော့လိုက့်ပါမယ်"

ပညာရေးရာအမတ်ကြီးများကဆူဆူပူပူလုပ်ကာအတွန့်တက်လာကြသည်။အင်ပါယာဘာသာစကားကသိပ်ခက်ပြီးစိတ်ဝင်စားဖို့ကောင်းသည်။ဖြစ်နိုင်ရင်သင်ကြားချိန်ကိုတိုးချဲ့ချင်ကြပေမယ့်မိဖုရားကြောင့်ပိုပြီးတိုတောင်းသွားပြီ။

ဘုရင်ကြီးကမျက်မှောင့်ကြုံ့လိုက်ပြီး

"ထီးနန်းပုလ္လင်မှာထိုင်ရမယ့်သူကိုလူပုံလယ်မှာဆူပူရလောက်အာင်မိဖုရားကအတင့်ရဲနေတာပဲဆိုဆုံးမခဲ့တဲ့အမတ်ချုပ်ကြီးကိုတကယ်စိတ်ပျက်မိတယ်"

အမတ်ချုပ်ကြီးမှာခါတိုင်းလိုဘုရင်ကြီးအားချိုးနှိမ်ချင်ပါသော်လည်းတစ်စတစ်စတိုးပွားလာနေတဲ့အရှင့်သားရဲ့အင်အားကြောင့်ဒူးထောက်ကာအမြန်တောင်းပန်လိုက်ရသည်။ဒီမျိုးမစစ်သားအဖလဲကျသေဆုံးမယ့်နေ့ကိုအမြန်ရောက်ချင်လှပြီ။ယခုအချိန်တွင်အမတ်ချုပ်ကြီးမှာအံကြိတ်ထားရုံသာတတ်နိုင်လေသည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!حيث تعيش القصص. اكتشف الآن