10

1.3K 144 8
                                    

သီတာဒေဝီမင်းသမီးလေးမှာသူ့ရှေ့ကလူကိုအလှပဆုံးပြုံးပြလိုက်ပြီး

"သတိုး,အခုတလောမောင်ငယ်လေးဆီခဏခဏအလည်ရောက်ဖြစ်တယ်ဆို"

"အင်း..အိမ်ရှေ့စံကထီးနန်းယူဖို့နီးလာပြီလေကူညီနိုင်တဲ့ကိစ္စလေးတွေကူညီပေးဖို့သွားတာပါ"

သီတာဒေဝီတိတ်တဆိတ်လက်သီးဆုပ်လိုက်ကာ

"အိုး..မောင်ငယ်လေးကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ဒါပေမယ့်မောင်ငယ်လေးကအလိုက်မသိပဲသတိုးကိုအနှောက်အယှက်ဖြစ်စေမှာတော့စိုးရိမ်မိပါရဲ့"

သတိုးကျော်စွာ,သူ့ရဲ့ခဏခဏအလည်အပတ်သွားမှုကြောင့်မျက်နှာမလှဖြစ်နေတဲ့အိမ်ရှေ့စံကိုမြင်ယောင်ပြီးပြုံးမိသွားသည်။

"မင်းသမီးလေးစိတ်မပူပါနဲ့အိမ်ရှေ့စံကလွန်စွာမှလိုက်လျောညီထွေရှိလှပါတယ်"

သီတာဒေဝီစိတ်လှုပ်ရှားလွန်းတာကြောင့်အင်္ကျီအနားစကိုလက်ဖြင့်ဆုပ်ချေမိလိုက်သည်။

"လူတွေအကုန်လုံးကသတိုးလိုသဘောထားကြီးရင်ဘယ်လောက်ကောင်းလိုက်မလဲနော်အခုတော့လူတွေအများကြီးကဘာကြောင့်မှန်းမသိမောင်ငယ်လေးကိုသဘောမကျဖြစ်နေကြတယ်"

"ဘယ်သူတွေကအရှင့်သားကိုသဘောမကျဖြစ်ရဲတာလဲ,မင်းသမီးလေးစိတ်မပူပါနဲ့ကျွန်တော်မျိုးအများကြီးသန်မာလာပြီးအရှင့်သားကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးပါ့မယ်"

"ကောင်းပါပြီ"

ဟန်ဆောင်အပြုံးများနှင့်ထွက်သွားတဲ့သူမကိုကြည့်ပြီးသတိုးမျက်မှောင်ကျုံ့လိုက်သည်။ဒီမိန်းကလေးရဲ့မျက်လုံးကဘာလို့တွက်ချက်မှုတွေနဲ့ပြည့်နှက်နေရတာလဲ။ငါကရောဘာလို့သူမနဲ့စေ့စပ်လိုက်မိတာလဲ။သူစေ့စပ်ဖို့အရွယ်ရောက်လာပြီဆိုပြီးဖခင်ကမင်းသမီးနဲ့စေ့စပ်ပေးတဲ့အခါမွှေးနေတဲ့ဂုဏ်သတင်းများကြောင့်ခေါင်းငြိမ့်လက်ခံခဲ့တဲ့သူ့ကိုယ်သူမုန်းတီးလာမိတော့သည်။

သူအများကြီးသန်မာလာပြီးအရှင့်သားနန်းတက်တဲ့အခါသစ္စာခံပြီးလုံလုံလောက်လောက်ကာကွယ်ပေးမှရတော့မယ်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now