28

1.1K 128 5
                                    

ပန်ဒိုရာဒေါသထွက်ထွက်ဖြင့်မတ်တပ်ထရပ်လိုက်ပြီး

"ကောင်းပြီလေမင်းတို့မလာရင်ငါကိုယ်တိုင်လာရှာမှာပေါ့"

ပန်ဒိုရာခြေလှမ်းလိုက်တုန်းမှာမြှားတစ်စင်းကသူ့ဘေးနားကပ်ရက်မှဖြတ်သွားပြီးနောက်ကနံရံမှာသွားစိုက်နေသည်။

'ကံကောင်းလို့..ကံကောင်းလို့သူနောက်ထပ်တစ်ကြိမ်သေတော့မလို့'

ပန်ဒိုရာဒူးခေါင်းတွေပျော့ကျသွားသည်။သူ့ရင်ဘတ်သူအကြိမ်ကြိမ်စမ်းသပ်ကြည့်ပြီးသူမသေဘူးဆိုတာကိုယုံကြည်အောင်လုပ်နေမိသည်။အရင်ဘဝကသေတယ်ဆိုတာကိုမကြောက်ခဲ့ပေမယ့်ဒီဘဝမှာတော့မတူတော့။သူ့မှာသံယောဇဥ်ကြိုးတွေအများကြီးသွယ်မိသွားပြီ။

"လုပ်ကြံသူရှိတယ်ငါ့သားကိုကာကွယ်ကြစမ်း"

ကုန်းကုန်းရဲ့အော်သံကဟိန်းထွက်လာပြီးကိုယ်ရံတော်မြှောက်မြားစွာကအိမ်ရှေ့စံကိုပတ်ပတ်လည်ဝန်းရံလိုက်ကြသည်။

ကုန်းကုန်းကပူလောင်နေတာကြောင့်စကားအမှားပါသွားတာကိုသတိမထားမိသလိုဘေးလူများကလည်းထူပူနေတာကြောင့်သတိမထားမိကြ။

ကုန်းကုန်းတစ်ယောက်ပြာယာခတ်ကာဘာလုပ်ရမှန်းပင်မသိတော့။မြှားလာရာဘက်ကိုသူ့ခန္ဓာယ်ကိုယ်နှင့်ကွယ်ထားလိုက်ပြီးအပျိုတော်တစ်ယောက်အား

"အချက်ပြမီးသုံးလိုက်"

အပျိုတော်ကချက်ချင်းပြေးသွားပြီးမီးကျည်ဖောက်လိုက်တော့နန်းတွင်းတပ်သားများ၊စစ်သူကြီးများနှင့်တရားသူကြီးတို့ကချက်ချင်းရောက်ရှိလာကြသည်။

ဘုရင်နှင့်အိမ်ရှေ့စံကစကားပြောနေကြတာကြောင့်အခြားလူများကမတ်တပ်ရပ်ပြီးစောင့်နေကြသည်။

အရိပ်တပ်သားကမြှားကိုသေချာစစ်ဆေးပြီး

"အရှင်မင်းကြီးနဲ့အိမ်ရှေ့စံကိုလျှောက်တင်ပါတယ်ဒီမြှားမှာပါရှိတဲ့အဆိပ်ကအင်ပါယာနိုင်ငံမှလာတာတဲ့သေမင်းသံတမန်အဆိပ်ဖြစ်ပါတယ်အနည်းငယ်လေးပဲရှပ်ထိမယ်ဆိုရင်တောင်ဆိုးဆိုးဝါးဝါးနာကျင်စွာသေဆုံးရနိုင်ပါတယ်"

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now