Part-2

127 8 0
                                    

"ဆွေး​မြတ်ပိုင်ရှင်"

ခေါ်နေသည်ကို လှည့်မကြည့်လာခဲ့တော့ ဘေးကပ်လျက်လျှောက်၍ ကြည့်လာသူ။ လုပ်ငန်းပါတနာမို့ လတ်တလော တင်သွင်းလာတဲ့ပစ္စည်းတွေကို အမျိုးအစားခွဲ၍ လိုက်ပြဖို့ရန်ခိုင်းစေလာခြင်း။ သူဌေးဖြစ်သူကပါ လိုက်ရမည်ကို နေခဲ့ဖို့ပြောခဲ့ပြီး နှစ်ယောက်ထဲ ထွက်လာခဲ့ရသည့် ထိုလူရဲ့ရည်ရွယ်ချက်ကိုတော့မသိနိုင်။ သေချာတာတော့ ​ကောင်းမည်မထင်။

"မင်းတော်တော်ပြောင်းလဲသွားတာပဲ။ နှစ်ယောက်မရှိတဲ့ မင်းနာမည်သာမကြားခဲ့ရင်...ငါမှတ်မိလောက်မယ်မထင်ဘူး"

"မှတ်မိဖို့လည်းမလိုပါဘူးဗျ။ ဟိုအရှေ့ကကျွန်တော်တို့ဂိုဒေါင်ပါ"

သူစိမ်းဆန်ဆန် အေးစက်စက်ပြောကာ ညွှန်ပြရင်း ဦးဆောင်ကာဝင်သွားသူ။ ထိုအပြုအမူကြောင့် အာဏာမင်းဆက် ခနဲ့သလိုတစ်ချက်ပြုံးရင်း အမှီလိုက်လို့လာကာ

"မင်းကတော့ ချက်ချင်းမှတ်မိခဲ့တယ်မှတ်လား။ အဲ့တာကြောင့် ငါ့ကိုမြင်တော့ မင်းပုံလေးကထူးဆန်းနေပါတယ်လို့။ မင်းသိလား...တကယ်တော့လေ မင်းရဲ့စကားပြောပုံလေးနဲ့ အရည်လဲ့နေတဲ့မျက်ဝန်းကြည်ကြည်လေးတွေကတော့ မပြောင်းလဲဘူး။ အဲ့မျက်ဝန်းတွေက အရင်လိုပဲငါ့ခံစားချက်တွေကိုထူးဆန်းစေတုန်း"

"ဝင်ဝင်ချင်းကတော့ နောက်ဆုံးတင်သွင်းထားတဲ့ပစ္စည်းတွေကိုစီထားတာပါ။ ဟောင်ကောင်ကတိုက်ရိုက်လာတာ အသိအမှတ်ပြုလက်မှတ်လည်း ရှိပါတယ်။ အရည်အသွေးကလည်းအမှန်အကန်ပါပဲဗျ"

"နေပါဦးကွာ...မင်းကတကယ်ပဲ အရင်ကလိုရန်လိုနေတဲ့ဖက်တီးလေးပဲ။ ကျောင်းတုန်းကသူငယ်ချင်းတွေဆုံတုန်း...အလုပ်ကိစ္စတွေခဏထားလိုက်ရအောင်"

"ခင်ဗျားမှားနေပြီ ကျွန်တော်ကဒီကဝန်ထမ်းဖြစ်သလို ခင်ဗျားကလဲသူဌေးရဲ့လုပ်ငန်းဧည့်သည်ပါ။ ပြီးတော့ အခုကကျွန်တော့်အလုပ်ချိန်"

"ဒါဆိုထမင်းစားချိန်ကျလိုက်ခဲ့။ ငါတို့နေ့လည်စာအတူစားကြမယ်....ပြီးရင် နောင်လည်းမကြာမကြာတွေ့ကြရအောင်"

"စိတ်မရှိပါနဲ့ ကျွန်တော်တို့အဲ့လောက်မရင်းနှီးဘူးထင်တယ်"

Mastermind (Uni+Zaw)Wo Geschichten leben. Entdecke jetzt