Part-4

88 9 0
                                    

အဲ့နေ့ကနေ နောက်သုံးပတ်ကြာတော့ ဟိန်လင်းတို့မိသားစုအကြောင်း ကျွန်တော်သိထားတာမှားနေမှန်းသိလိုက်ရတယ်။ ဒီအတောအတွင်း ပိတ်ရက်တိုင်းသွားလည်သလို တစ်ခါတစ်လေ ဂေဟာတန်းမပြန်ဘဲ သူ့အိမ်လိုက်သွားခဲ့တဲ့နေ့တွေရှိတယ်။ အဲ့နေ့တိုင်းမှာလည်း တရင်းတနှီး ကိုယ့်သားတစ်ယောက်လိုကြိုဆိုတဲ့ဒေါ်လေးနဲ့ ချစ်ဖို့ကောင်းစွာပြုံးပြပေးနေတဲ့စုံစုံလေးနဲ့ကိုသာအမြဲဆုံရ၏။

ဒီအပတ်ပိတ်ရက်မှာတော့ ဟိန်းလင်းရဲ့အိမ်ရှေ့ ကျွန်တော်တို့ရောက်လာတဲ့အချိန် ဒေါ်လေးရဲ့ငိုသံကို အပြင်ကနေပါကြားခဲ့ရ၏။ ချက်ချင်းမှာပဲ ထိတ်လန့်သွားတဲ့ဟိန်းလင်းက အိမ်ပေါ်အမြန်ပြေးတက်သွားတော့ ကျွန်တော်လည်းအနောက်ကနေပြေးလိုက်ခဲ့ရတယ်။

"မလုပ်ပါနဲ့ တော်လိုက်ပါတော့ရှင်။ ရှင့်သဘောတိုင်းအရာရာလုပ်ပြီးပြီပဲ ကျေနပ်ရောပေါ့ ကျွန်မကလေးတွေကိုတော့ဘာမှထပ်မလုပ်ပါနဲ့"

ယောကျာ်းတစ်ယောက်နဲ့ ငိုနေတဲ့စုံစုံလေးကိုပုံစံမကျချီထာတဲ့မိန်းမတစ်ယောက်ရှေ့ ဒေါ်လေးကဒူးထောက်လို့ငိုကြွေးနေသည်။

"မင်းကိုဘယ်သူက ဘာလုပ်နေလို့လဲ။ ငါ့သမီးကိုငါခေါ်သွားမယ်ပြောတာ သူဇာကလည်းကလေးမရနိုင်တော့ ကလေးသိပ်လိုချင်နေတာ။ မင်းဆီမှာမပြည့်မစုံကြီးပြင်းရမှာထက် ငါတို့ကလိုလေသေးမရှိစောင့်ရှောက်မှာကွ။ မတရားလုပ်နေသလို ငိုယိုမနေနဲ့ လူကြားမကောင်းဘူး"

"တော်တော့အဖေ။ အဖေကသာကျွန်တော့်တို့သားအမိသုံးယောက်ကိုထားခဲ့တဲ့သူဗျ...ရပါတယ် အဖေကြိုက်တာအဖေလုပ်ခွင့်ကျွန်တော်တို့ပေးခဲ့တယ်။ ဒါပေမယ့် ညီမလေးကိုတော့ခေါ်မသွားပါနဲ့ အဖေနဲ့မဟုတ်လည်း သူ့ဘဝပြည့်စုံအောင်ကျွန်တော်တို့ကြိုးစားပြီးထားပေးမှာဗျ"

"မင်းလိုကောင်ကများဘာအရည်အချင်းတွေရှိနေလို့လဲ...ဟမ်!။ ရာရာစစ လာကြီးကျယ်မနေနဲ့ တောင်းစားပြီးကျွေးရုံလောက်နဲ့ ငါ့သမီးဘဝကမကောင်းစားသွားဘူး။ ဘာပြောပြော ငါကလေးငါခေါ်မှာ မင်းတို့တားနေစရာအကြောင်းမရှိဘူး"

Mastermind (Uni+Zaw)Wo Geschichten leben. Entdecke jetzt