Part-27

51 5 0
                                    

သပတ်တစ်ထည်သာပတ်ထားလို့ အိပ်ယာထက်ထိုင်နေတဲ့ အာဏာမင်းဆက်ကို ဆွေးရေသုတ်ဖို့ရာ ကူပေးနေရ၏။

တစ်ကိုယ်လုံးသပတ်နဲ့ ပွတ်သပ်ပေးနေရင်း အာဏာမင်းဆက်ရဲ့ ခန္ဓာကိုယ်ကိုစစ်ဆေးမိတော့ ဒဏ်ရာတစ်ခုရှိမနေ။ ဒီလိုဆို အဝတ်ကသွေးတွေက အခြားတစ်ယောက်ဆီကဆိုတာပြောနေတယ်။ ဟိုတစ်နေ့ကလို သူလုပ်ခဲ့တာများလားတွေးမိပေမယ့် ထိုအချိန်ကတောင် သူ့အဝတ်တွေကိုအခုလောက်အညစ်ပတ်မခံခဲ့။ တစ်ကယ်ပဲ ဘယ်လိုအရာတွေသူလုပ်ခဲ့ပြန်ပြီလဲ။

"ရပြီ...အိပ်ရအောင် ကိုယ်ပင်ပန်းနေပြီ"

"ဗျာ...အဝတ်မဝတ်တော့ဘူးလား"

"ထားလိုက်တော့ လက်တစ်ချောင်းတောင်မလှုပ်ချင်တော့ဘူး"

"မိုးအေးနေတာကို ဖျားဦးမယ်"

"ဒါဆိုမင်းလုပ်ပေးလေ"

"ဟုတ်ကဲ့"

အရူးဥက္ကဌ လုပ်ချင်တာလုပ်လာပြီး အကုန်ပြန်ခိုင်းတတ်တယ်။ ငါကဘာလဲ ယောကျာ်းယူထားတဲ့ကောင်လည်းမဟုတ်ဘူး အခုပုံကသူ့မယားနဲ့ဘာကွာလို့လဲ။ ဒီလောက်သတိမဲ့နေရင် ဓားတစ်လက်လောက်ဆောင်ထားပြီး ထိုးသတ်လိုက်ရမလား အဲ့လိုလည်းမဟုတ်သေးဘူး ငါပါဒုက္ခရောက်နေဦးမယ်။

"ခင်ဗျားကမိုးမိလာတာလား"

"ဘယ်လိုသိတာလဲ"

"အဝတ်စားတွေစိုရွဲနေလို့လေ"

"အင်း...ဒီတိုင်း အမဲလိုက်နေရင်းမိုးရွာလာလို့"

"အ..အမဲလိုက်တာ"

"အလုပ်တစ်ခုပါ...တင်စားပြီးပြောလိုက်တာ။ အိပ်ရအောင် ကိုယ်အိပ်ချင်ပြီ"

အတွင်းရေးမှူးဆိုတာအမည်ခံထားပြီး သူရဲ့လိင်အရုပ်ဖြစ်လိုက် လူသားဖက်လုံးဖြစ်လိုက်နဲ့။ လက်မခံချင်တဲ့အရာတစ်ခုကိုပြောရရင်တော့ သူနဲ့အိပ်ရတာ အိပ်မပျော်တာတွေမဖြစ်တော့ဘူး။ သူ့ရင်ခွင်မှာသာဆို မနက်ထိကို နောက်ကျတဲ့အထိအိပ်နေတတ်ပြီး တစ်ရေးထပ်မနိုးဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်မိတယ်။ ကိုယ်မဟုတ်ဘဲ သူသာလုပ်ကြံမယ့်သူဆို သေနေတာကြာလောက်ပြီထင်ပါရဲ့။

Mastermind (Uni+Zaw)Where stories live. Discover now