Part-18

59 5 0
                                    

"မမ ဒါလေးတော့ဝင်အောင်စားလေဗျာ။ အာဟာရမရှိရင် ကလေးလေးတစ်ခုခုဖြစ်သွားမှာပေါ့"

အကို့ကိုရှာမတွေ့တာ တစ်ပတ်ရှိပြီ။ အဲ့နေ့ကစပြီး မမက စကားလည်းမပြောတော့သလို အပြုံးအရယ်လည်းမရှိတော့ဘူး။ အစားအသောက်တွေလည်းမစားပဲ ညဘက်တွေဆိုမအိပ်ပဲငိုနေတတ်တယ်။မမအတွက်စိုးရိမ်မိတာကြောင့် အိမ်ကိုမပြန်ခိုင်းဘဲ ဆေးရုံမှာသာနေခိုင်းထားသည်။
ဘာကြောင့်အခုလိုတွေဖြစ်တာလည်း ကျွန်တော်နားမလည်တော့ဘူး။ ကျွန်တော့်ဘဝ အဆင်ပြေပြီလို့ထင်ထားတာ ဘယ်ဘဝကဝဋ်ကြွေးတွေက ကျွန်တော်ဆီဆပ်လို့မကုန်သေးတာလဲ။

"ဆွေး"

ဆေးရုံအခန်းပြင်ဘက်ထွက်လာခဲ့တော့ လျှောက်လမ်းမှာ အလုပ်တူလုပ်ဖူးတဲ့ ဆေးရုံကအမတစ်ယောက်မှခေါ်လာ၏။

"ဒေါက်တာ့ကိုအခုထိမတွေ့သေးဘူးလား"

ဆွေးလေးပင်စွာခေါင်းငြိမ့်ပြလိုက်သည်။

"ဒုက္ခပါပဲဟာ...ဒေါက်တာဘာမှမဖြစ်ပါစေနဲ့။ သူ့မိသားစုကိုထားပြီး ပျောက်သွားမယ့်သူမှမဟုတ်တာ။ အန္တရာယ်ကင်းကင်းနဲ့အမြန်ဆုံးပြန်လာနိုင်ပါစေ"

ထိုစကားတွေက ဆွေးရဲ့ရင်ထဲဆို့နင့်လာပြန်ပြီး မျက်ရည်တာဘောင်ကျိုးလာစေသည်။ တကယ်မခံစားနိုင်ပါ အရာရာအဆင်ပြေနေပြီတွေးပြီးမှ ထပ်ဖြစ်လာတဲ့ကံကြမ္မာဆိုးကြီးအတွက် အရင်ကထက်ကို ခံနိုင်ရည်မရှိတော့သလိုပဲ။

"မငိုပါနဲ့ဆွေးရယ်...ဒေါက်တာ့အတွက် အကုန်လုံးလည်းစိတ်မကောင်းဖြစ်နေကြတယ်။ ဒေါက်တာကလူကောင်းတစ်ယောက်ပါ...ဘုရားသခင်က သူ့သားတော်တွေကိုအမြဲတမ်းကယ်တင်မှာပါ။ သူအန္တရာယ်ကင်းကင်းပြန်ရောက်လာမယ်လို့ အမတို့ယုံကြည်နေတယ်"

မြိုသိပ်ထားတဲ့ဝမ်းနည်းမှုတွေကြောင့် စကားပြန်လည်ပြောဖို့ခက်ခဲ၍ ခေါင်းသာအသွင်သွင်ငြိမ့်ပြလိုက်သည်။ ထိုစဥ် အကြည့်က လှမ်းမြင်နေရတဲ့ ဆေးရုံအောက်မှ အစောင့်အရှောက်အများကြီးနဲ့အတူ ဝှီးချဲပေါ်မှယောကျာ်းတစ်ယောက်ဆီရောက်သွား၏။

"ဆွေးအခုကြည့်နေတဲ့သူက ဒေါက်တာကိုယ်တိုင် အသည်းအသန်ကြိုးစားပြီးကယ်တင်ပေးခဲ့တဲ့သူလေ...လွန်ခဲ့တဲ့နှစ်ရက်ကပဲသတိရလာတာ။ သူ့အဆင့်အတန်းနဲ့ ပိုကောင်းတဲ့ဆေးရုံကြီးတွေမှာ ကုသနေရာကနေ...နောက်ဆုံးအချိန်မှ ဒီကိုရောက်လာခဲ့တာ။ ကြည့်ရတာ ဒေါက်တာနဲ့ကံစပ်တယ်တူပါတယ်...အသက်ဆက်ရှင်ဖို့ ဒေါက်တာဆီတမင်လာလိုက်သလိုပဲ"

Mastermind (Uni+Zaw)Where stories live. Discover now