Part-19

53 7 0
                                    

စိတ်ဆင်းရဲမှုအမျိုးမျိုးကြားမှ အတတ်နိုင်ဆုံးစောင့်ရှောက်ထားတဲ့ကိုယ်ဝန်လေး။ မွေးရက်စေ့တော့ နာကျင်လို့ အော်နေတဲ့မြတ်သောပန်းရဲ့အသံ ဆေးရုံအတွင်းကျယ်လောင်စွာထွက်ပေါ်နေတယ်။ ကုတင်တွန်းလှဲလေးနောက် ဆွေးပြေးလိုက်ရင်း မွေးခန်းထဲဝင်သွားသည့်တိုင် မလှုပ်မယှက်ကြည့်နေမိသည်။

"ဆွေး...ငါ့ညီ"

မျက်လုံးစုံမှိတ်ထားရာက ကြားလိုက်ရတဲ့အသံ။ အိမ်မက်မဟုတ်တဲ့အကို့အသံ။ ကြည့်လိုက်တော့ ဒဏ်ရာဒဏ်ချက်အပြည့်နဲ့ အနည်းငယ်ပိန်ကျသွားပေမယ့် အရင်လိုကြည့်ကောင်းဆဲသူ။ အနောက်မှာ အကိုတော်ဝင်ပါရှိနေပြီး ခေါင်းညိမ့်လို့ပြုံးပြလာတော့ ကျွန်တော့်အကိုဆီပြေးသွားလို့ဖက်လိုက်၏။

"အကိုရာ...."

"မငိုနဲ့တော့လေ....အကို့ကိုစိတ်ဆိုးနေမယ်ထင်နေတာ။ ငိုနေတာတဲ့လား...တိတ်တော့"

"အကို မမမွေးတော့မယ်သိလား။ နောက်ဆုံးတော့ အကို့ကိုရော ကျွန်တော့်တူမလေးကိုပါရခဲ့ပြီ။ အကိုပြန်လာခဲ့ပြီ အကို့မိသားစုဆီအကိုပြန်လာခဲ့ပြီပေါ့"

"ဒါပေါ့ဆွေးရဲ့...အဲ့ဒါကြောင့်မငိုနဲ့တော့။ အကိုမင်းတို့ဆီပြန်လာပြီ"

"ထပ်ပြီးမထွက်သွားပါနဲ့နော်"

"ဟုတ်ပါပြီကွာ...အကို မင်းတို့ကိုထားပြီး ထွက်မသွားတော့ပါဘူး။ ဒါနဲ့မင်းတစ်ယောက်တည်းလား"

"အင်း....ဆရာမမြတ်က အိပ်ယာထဲလဲနေပြီ။ သူ့ရောဂါအခံနဲ့ ဒီကြားထဲကြုံရတာတွေကို ခံနိုင်ရည်မရှိဘူးထင်တယ်"

"တောင်းပန်ပါတယ်...ကိုယ့်အမှားပါ။ မင်းကိုလည်း အများကြီးပင်ပန်းစေမိပြီ"

တရွေ့ရွေ့ကုန်ဆုံးသွားတဲ့အချိန်တွေနောက် ကလေးငိုသံကို အပြင်ကကြားလိုက်ရပြီး တစ်အောင့်နေတော့ ကလေးချီလို့ ဆေးအကူတစ်ယောက်ထွက်လာ၏။ လက်ထဲမှ နီတာရဲလေးကို ချီချင်ကြပေမယ့် ဆွေးရော ကောင်းစေမင်းအပြင် တော်ဝင်မင်းဆက်ကပါ အတွေ့အကြုံမရှိတဲ့ယောကျာ်းသားတွေမို့ တွန့်ဆုတ်နေကြ၏။

"အကိုကလည်းဗျာ...ဆရာဝန်ဖြစ်ပြီး ကလေးတောင်မချီတတ်ဘူးလား"

"ကိုယ်ကသားဖွားဆရာမှမဟုတ်တာ...ကလေးသေးသေးတွေ အသည်းယားတတ်လို့ အဲ့လိုတာဝန်မျိုးမယူထားဘူး"

Mastermind (Uni+Zaw)Where stories live. Discover now