"ဟေ့ဝက်ကြီး မင်းကမိဘမဲ့ကျောင်းမှာနေတာဆို ဘယ်ကဟာတွေမတရားစားလို့ အခုလိုပုံဖြစ်နေတာလဲ"
"မင်းကလည်းကွာ သူများဟာတွေလုစားနေတာနေမှာပေါ့"
"ဟား..ဟား...ဟား...ဟား"
"ဟျောင့်ဝက်ကြီး မင်းဖက်စာအုပ်ငါ့ကိုပေး"
"ဒါဆိုငါကဘယ်လိုလုပ်ရမှာလဲ စာအုပ်မပါရင်ဆရာမရိုက်မှာပေါ့"
"ရိုက်လည်းခံလိုက်လေ မင်းကငါ့ထက်အသားများတယ် နာမှာမှမဟုတ်တာ ပေးစမ်းပါ"
"ဟျောင့်ဖက်တီး ဘာလို့ကောင်မလေးကိုအဲ့လောက်ကြည့်နေတာလဲ မင်းကြိုက်နေတာလား"
"စိတ်ကူးမယဥ်နဲ့နော် မင်းလိုပုံဆိုးပန်းဆိုးမိဘမဲ့ကို ဘယ်မိန်းကလေးမှကြိုက်မှာမဟုတ်ဘူး"
"ဟျောင့်ဝက်ကြီး ငါ့အတွက်အအေးဗူးသွားဝယ်ပေး"
"မရလောက်ဘူးထင်တယ် ကျောင်းတက်ဖို့ငါးမိနစ်ပဲလိုတော့တယ်လေ"
"ပြေးပေါ့ကွ မင်းဝိတ်ကျအောင်စေတနာနဲ့ခိုင်းတာ။ မလုပ်ဘူးလား မဟုတ်ရင် စန္ဒာကိုမင်းကြိုက်နေတဲ့အကြောင်းသွားပြောလိုက်ရမလား"
"မပြောနဲ့လေ မဟုတ်ပါဘူးဆို"
"မဝယ်ပေးရင်တော့ပြောမှာပဲ အဲ့အချိန်ကျမင်းလိုကောင်ကို ပိုရွံသွားလိမ့်မယ်နော်"
"ဝယ်ပေးမယ် ငါသွားဝယ်ပေးပါ့မယ်"
စာသင်ကျောင်းကပြန်လာတိုင်း မျက်နှာလေးညှိုးနွမ်းကာ အငိုမျက်လုံးလေးတွေနဲ့တွေ့ရတတ်သူ။ ဂေဟာပိုင်ရှင် ဒေါ်မေမြတ်မိုးအခန်းဆီ အမြဲဝင်လာတတ်ပြီး တိုင်တန်းလေ့ရှိသေးသည်။ ထိုအချိန်တိုင်း အမေတစ်ယောက်လိုသတ်မှတ်ထားတဲ့ ဆရာမတစ်ယောက်ရဲ့အားပေးစကားတို့နဲ့ မနက်ဖြန်တိုင်းကိုအားမွေးရှေ့ဆက်နေကြ။
"ဆရာမမြတ် သားလေကျောင်းကိုတကယ်မသွားချင်တော့ဘူး။ အဲ့ကလူတွေနဲ့ သားတကယ်အဆင်မပြေဘူးထင်တယ် ဒီမှာပဲစာဆက်သင်လို့မရဘူးလား"
"ဆွေးလေး...သားအတွက်လုံလောက်တဲ့ပညာတွေ ကိုအပြည့်အဝသင်ပေးဖို့ ဆရာမတို့မှာက အရည်အချင်းမရှိဘူးသားရဲ့။ တစ်ချိန်ကျရင် သားကဒီနေရာကထွက်ပြီး ကိုယ့်ဘဝကိုယ်ရပ်တည်ရတော့မှာ...အဲ့အခါကျ လူတစ်ချို့နဲ့ဘယ်လိုမျိုးအဆင်ပြေအောင်နေရမယ်ဆိုတာ သားသင်ယူရမယ်လေ"
YOU ARE READING
Mastermind (Uni+Zaw)
Randomအချစ်ဆိုတာကိုယုံရအောင် ငါအရူးမဟုတ်ဘူး။ ငါအတွက်အချစ်ဆိုတာမရှိဘူး(တိုင်းမဟာမင်း) မတွေ့ကြတော့ဖို့ရည်ရွယ်ထားပေမယ့် တွေ့ဖို့ဖြစ်လာခဲ့ရင် လက်တုံ့ပြန်မိမလားမသိဘူး(ဆွေးမြတ်ပိုင်ရှင်) ငါ့အနားမှာမင်းနေလို့ အရှုံးမရှိစေရဘူးဆွေး။ ဘာလို့ဆို ငါမင်းကိုနောက်တစ်ခါမဆ...