Part-7

67 7 0
                                    

မမရဲ့အိမ်ကိုရောက်တော့ မိုးချုပ်နေပြီ။ သေချာသိမ်းထားတဲ့ပန်းလေးက အတင်းဆွဲခေါ်ခံရတုန်းကထင်တယ် မရှိတော့ဘူး။ မနည်းပြန်လိုက်ရှာဝယ်ခဲ့ပေမယ့် အစတည်းကနောက်ကျနေတာကို အဖမ်းခံရတာနဲ့ပန်းလိုက်ဝယ်တာနဲ့ဆိုတော့ အခုတော့မှောင်လို့ အိမ်ထဲဘယ်သူ့မှမတွေ့ရ။
နောက်ဆုံးတော့ ခြံတံခါးမှာပန်းလေးတင်ထားခဲ့ပြီးပြန်လာခဲ့လိုက်တယ်။ ဒီထက်နောက်ကျရင်လည်း ဆရာမမြတ်နဲ့ မမကကျွန်တော့်ကိုဆူဦးမယ်လေ။

"အန်တီသားကိုနှင်းဆီဖြူလေးတစ်ပွင့်လောက်ရောင်းပါဗျ"

"ကောင်မလေးအတွက်လား...အန်တီအလှဆုံးလေးရွေးပေးလိုက်မယ်နော်"

"ကျေးဇူးပါဗျ အာ့...."

"ဘာဖြစ်လို့လဲသား"

"အဆူးဆူးသွားတာ...ဘာမှတော့မဖြစ်ပါဘူး"

"ဟုတ်လား...အဲ့အပွင့်တွေကဆူးမရှိပါဘူး ဘယ်လိုလုပ်ပါလာတာလဲ။ အန်တီလဲပေးရမလား"

"ရတယ်အန်တီ ဒါလေးလှတယ်။ ဆူးကလည်းတစ်ချောင်းထဲရယ် သေးသေးလေးပါ သားချိုးလိုက်ရင်ရပါပြီ"

သေးငယ်တဲ့ဆူးလေးက သွေးထွက်စေတာမို့ နုလွန်းတဲ့အသားကို ပါးစပ်ထဲထည့်ပြီးစုပ်လိုက်၏။ ပန်းလေးကိုင်လို့အိမ်ရှေ့ရောက်တော့ အိမ်အကူအန်တီကြီးနဲ့အဆင်သင့်တွေ့လေတယ်

"သားရောက်လာပြီလား"

"ဟုတ်အန်တီ မမရှိတယ်မှတ်လား"

"ရှိတော့ရှိပါတယ်...ဒါပေမယ့် မနက်တည်းကအခန်းကနေထွက်မလာဘူး။ အခုလည်း နေမကောင်းချင်လို့ဆိုပြီးအိပ်နေတယ် အန်တီခေါ်ပေးရမလား"

"ရတယ်မခေါ်နဲ့အန်တီ သားအစားပန်းလေးပဲပေးပေးပါ မနက်ဖြန်မှထပ်လာခဲ့ပါ့မယ်"

"ဒါဆိုခဏလေး...သမီးလေးသားကိုပေးခိုင်းထားတဲ့ပစ္စည်းတွေရှိတယ်။ သွားယူပေးမယ်"

"ဟုတ်"

အရင်ကထက် ဂေဟာအတွက်ပေးလာတာတွေကများလွန်းနေသည်။ မုန့်တွေရော အဝတ်အစားနဲ့အရုပ်တွေ အလှူရှင်ကြီးတစ်ယောက်လာလှူတဲ့ပမာဏလောက်ကိုရှိတယ်။ ကားပါငှားပေးပြီး သေချာပြန်လွှတ်ဖို့တောင် မှာထားသေးတယ်တဲ့။ တစ်ခုခုကမူမမှန်သလိုစိတ်ထဲထင့်နေ၏။

Mastermind (Uni+Zaw)Where stories live. Discover now