Part-13

71 6 0
                                    

လာလမ်းအတိုင်းမဟုတ်ဘဲ ထပ်မံမရင်းနှီးတဲ့နေရာတွေမှ ပြန်ထွက်လာခဲ့တဲ့ကားလေး။ ကားပေါ်မှာဆွေးအတွေးတို့ ရှုပ်ထွေးပျံ့လွှင့်နေသည်။

"ကြောက်နေသေးတာလား ဟိုမှာတုန်းကလိုကိုယ့်အပေါ်ထိုင်ချင်သေးလား"

"မလိုပါဘူး...ကျွန်တော်မကြောက်တော့ဘူး"

"အဲ့လိုလား...။ဒါဆိုဘယ်လိုနေလဲ မိတ်ဆွေဟောင်းကြီးနဲ့ပြန်တွေ့တာ"

အသံတိတ်နေသည်ဆိုတာထက် ဝေခွဲရခက်နေတဲ့မျက်ဝန်းတွေကို အာဏာမင်းဆက်စောင်းကြည့်နေရင်း စိတ်ထဲအလိုမကျဖြစ်လာ၏။

"ကျွန်တော်ကြည့်ရတာ...သူတကယ်ပြောင်းလဲသွားပြီထင်တယ်"

"မင်းဘာကိုပြောတာလဲဆွေး"

"သူပြောတဲ့မိန်းကလေးကြောင့် သူကိုယ်သူအမှန်တကယ်ပြောင်းလဲလိုက်ပြီလို့ထင်မိတယ်။ အရင်လိုမဟုတ်ဘဲ ကြင်နာမှုတွေ၊ကြောက်ရွံ့မှုတွေလည်းသူ့ဆီမှာ တွေ့နေရတယ်"

"ကားရပ်"

အံကြိတ်ကာ တင်းမာတဲ့အာဏာမင်းဆက်ရဲ့ အမိန့်သံထွက်ပေါ်လာသည်။

"ကျွန်တော်တို့အခု အန္တရာယ်ပိုင်နက်ထဲမှာပဲရှိပါသေးတယ်ဥက္ကဌ"

"ငါကားအခုရပ်လို့ပြောနေတယ်"

"ကျွီ......"

ထွက်ပေါ်လာတဲ့အသံနက်ကြီးက ကားပေါ်ရှိလူတွေကို နှလုံးရပ်မတက်ထိတ်လန့်စေ၏။ ကြောက်ကြောက်လန့်လန့်နဲ့ ဒရိုင်ဘာမှ ကားကို ဘေးမှထင်ရှုးတောထဲထိုးချကာ ရပ်တန့်လိုက်သည်။
နောက်တော့ အာဏာမင်းဆက် အထိတ်တလန့်တောင့်တင်းကာကြောင်ကြည့်နေသူကို ပါးထက်ညင်သာစွာကိုင်လိုက်ပြီး

"ကိုယ်တို့ လေကောင်းလေသန့်သွားရူရအောင်ဆွေး"

တောစပ်ရပ်ထားတဲ့ကားပေါ်မှ လူနှစ်ယောက်သာဆင်းလာခဲ့လို့ ထင်ရှူးပင်တို့စီတန်းနေသော တောကြီးအတွင်း အာဏာမင်းဆက် ရှေ့မှဦးဆောင်ကာဝင်လာ၏။

"ကျွန်...ကျွန်တော်တို့ ဆက်မသွားသင့်တော့ဘူးထင်တယ်နော်"

"မင်းပြန်ကြောက်လာပြီပဲ...လာပါ ကိုယ်ဖက်ပေးထားမယ်"

Mastermind (Uni+Zaw)Where stories live. Discover now