Part-34

266 6 0
                                    

တရှုတ်ရှုတ်နဲ့အသံက ဆွေးနဲ့ကာရန်ဆီကထွက်လာခဲ့ပြီး နေရိုင်းရဲ့ပါးကို ကာရန်ရဲ့လျှပ်တစ်ပျက်အနမ်းခံလိုက်ရ၍ စူပုတ်ကာပြန်ကြည့်တော့

"ဘာလို့လဲ ဒီအကိုကြီးကိုအဲ့လိုမကြည့်ရဘူး အကြင်နာမျက်လုံးလေးတွေနဲ့ပဲကြည့်ရမယ်"

"ခင်ဗျားဘာတွေပြောနေတာလဲ"

"ဟီးဟီး ချစ်စရာကြီး ငါ့ကလေးလေးက"

"မထိနဲ့နော်"

"သေချာလား ညကျရင်လည်းမထိဘဲနေရမှာနော်"

"အဲ့တာက...ကျစ် ထိဗျာ"

နှစ်ယောက်သားကိုကြည့်လို့ ဆွေးခေါင်းအသာယမ်းနေမိတုန်း နားနားတိုးကပ်ပြောလာသူကြောင့် ရုတ်တရက် ရပ်တန့်လို့ငြိမ်နေမိ၏။

"ဆွေး ဘာတွေလဲဟင်"

"ဘယ်သိမလဲ"

အော်ကာ တွန်းထုတ်လိုက်ထုတ်လိုက်သည်။ နောက်တစ်ခေါက်လှည့်တော့ တိုင်းမဟာမင်းရှေ့ပုလင်းရောက်လို့သွားလေတော့

"ကိုယ်ကတော့ ခိုင်းတာလုပ်မယ်"

"ဒါဆိုဘေးကလူတစ်ယောက်နဲ့နမ်းပြရမယ်"

ကာရန်သစ်အပြောကြောင့် ဆွေးကြည့်မိတော့ ဘယ်ဘက်မှာက ကာရန်ဖြစ်ပြီး ညာဘက်မှာကဆွေးဖြစ်နေတဲ့အပြင် ချက်ချင်းပဲကိုယ့်အားကြည့်လာတဲ့သူကြောင့် ထပြေးချင်နေပြီ။

"ဆော့ကြတာဆိုပေမယ့် ကိုယ်ဒါကိုလုပ်မှဖြစ်မယ်ထင်တယ်ဆွေး"

"အဲ့ အဲ့တာကိုဘာကိစ္စကျွန်တော့်ကိုလာပြောနေတာလဲ"

"ဒါဆို ကိုယ်မင်းနဲ့နမ်းလည်းရတယ်ပေါ့"

"ဘာလို့ကျွန်တော်လည်း ကာရန်လည်းရှိတာပဲ"

"အကိုတိုင်းက အကို့ကိုရွေးတာလေ...ကာရန်ကတော့ ကလေးသဝန်တိုမှာဆိုးလို့ငြင်းပါရစေ"

အဓိပ္ပာယ်ကြီးနဲ့ပြုံးကာ နေရိုင်းအားကြည့်လိုက်သူကြောင့် ရှက်သွေးဖြာလို့ တစ်ဖက်လှည့်သွားသည်။

"ကဲဗျာ အကိုတို့လုပ်စရာရှိတာလုပ်တော့ နောက်တစ်ပွဲစပြီး အကို့ကိုပြန်လက်စားချေခိုင်းမယ်လေ"

You've reached the end of published parts.

⏰ Last updated: Nov 19, 2023 ⏰

Add this story to your Library to get notified about new parts!

Mastermind (Uni+Zaw)Where stories live. Discover now