Part-8

80 6 0
                                    

"မင်းကိုငါအကြိမ်ကြိမ်သတိပေးခဲ့တယ်ထင်တယ်။ မဟုတ်မှ မင်းငါယုတ်မာတာကိုခံချင်နေတာလား"

"ခင်ဗျားသိလား...လူတကာက အနိုင်ကျင့်ဖို့လောက်ပဲမြင်နေတဲ့ဘဝမျိုးနဲ့ ကျွန်တော်နေခဲ့ရသူပါ။ မိမရှိဖမရှိတဲ့ မိဘမဲ့တစ်ယောက်၊လူတကာစနောက်ချင်တဲ့ပုံစံနဲ့ ဖြစ်တည်နေသူတစ်ယောက်၊ သူများအထောက်အပံ့နဲ့ အသက်ရှင်နေရသူတစ်ယောက်။ ကျွန်တော်မွေးဖွားလာမိတာကို အကြိမ်ကြိမ်နောင်တရနေမိတယ် သေသွားတာကမှ ပိုကောင်းဦးမယ်ဆိုတဲ့အတွေးမျိုးလည်း ခဏခဏတွေးမိတယ်"

"ဒါပေမယ့်လေ...အကောင်းအဆိုးဒွန်တွဲနေသလို အဲ့လိုလူတွေအပြင် ကျွန်တော့်မှာဘဝတူမိသားစုတွေအများကြီးရှိတယ်။ သူတို့နဲ့အပြန်အလှန်နွေးထွေးမှုပေးရင်းနေရတာကိုကျွန်တော်သဘောကျတယ်။ တစ်ချိန်ကျဝေးကွာရရင်တောင် ကျွန်တော်တို့ကမိသားစုတွေပဲ။ သူတို့အတွက်ကျွန်တော်ဆက်ပြီးရှင်သန်ချင်တယ်"

"တစ်နေ့မှာ...မိသားစုနဲ့တူတဲ့သူစိမ်းတစ်ချို့ကျွန်တော့်ဘဝထဲဝင်လာကြတယ်။ ဟိန်းလင်းက ကျွန်တော့်အတွက်တော့...တခြားသူတွေနဲ့ဆန့်ကျင်ဘက် ထူးခြားခဲ့တဲ့သူ။ သူညီမလေးကိုသူသိပ်ချစ်တာ သူကမိသားစုကိုကာကွယ်ချင်နေတဲ့လူကောင်းတစ်ယောက်။ ကျွန်တော့်အတွက်အဲ့လိုလူကမျက်စိရှေ့တင်....ကျွန်တော့်မျက်စိရှေ့တင် သူ့ကိုမကယ်နိုင်ခဲ့ဘူး...ကျွန်တော့်လက်ပေါ်တင် သူ သူကျွန်တော့်ကိုအပြီးထားသွားတာကို ကြည့်နေရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး"

"ဒီလိုနဲ့အချိန်တွေအကြာကြီး...ကျွန်တော့်အတွက်သူ့လိုလူ မရှိနိုင်တော့ဘူးလို့ထင်နေမိတဲ့အချိန် မမပင်မြင့်ယံကလေ...ကျွန်တော်တန်ဖိုးထားရတဲ့ ဒုတိယလူအဖြစ်ပေါ်လာခဲ့တာ။မမကိုထပ်ဆုံးရှုံးရမယ်လို့ ကျွန်တော်လုံးဝမတွေးထားဘူး။ ဒီတစ်ခါတော့ အတတ်နိုင်ဆုံးကာကွယ်မယ်လို့ ကျွန်တော်ဆုံးဖြတ်ထားတာ"

"ပုံပြင်တွေလာပြောနေတာလား"

"ကျွန်တော်ခင်ဗျားကိုတောင်းဆိုပါရစေ...မမကိုလိုက်တွေ့ပြီးတောင်ပန်ပေးပါ"

"ဘာ"

အသံအနေအထားအရ သူ့မှာကျွန်တော်မျှော်လင့်သလိုဖြစ်ဖို့ အလားအလာလုံးဝရှိမနေ။ အသနားခံပြီး နာကျင်နေရတာတွေကို ရင်ဖွင့်ပြောမိပေမယ့် နားထောင်နေတာကိုပဲ ကျေးဇူးတင်မိသည်။ သူ့စိတ်ကတော့နည်းနည်းမှမပြောင်းလဲပုံ။

Mastermind (Uni+Zaw)Where stories live. Discover now