Part-31

99 6 0
                                    

ဒဏ်ရာတွေနဲ့တောင်ယောကျာ်းပီသပြီးချောမောတဲ့ရုပ်ရည် မမနဲ့တေးအပါ မိန်းကလေးတွေကျရှုံးခဲ့ရတဲ့အဓိကအချက်။ ပြုံးခဲတဲ့သူ့ရဲ့ပါးပေါ်က ဆွဲဆောင်မှုရှိတဲ့ပါးချိုင့်တွေနဲ့ ညှို့ယူနိုင်တဲ့မျက်ဝန်းတွေက သူနဲ့စတွေ့တဲ့အချိန်တုန်းက ကိုယ့်အာရုံကိုတောင်ဖမ်းစားနိုင်ခဲ့တဲ့အရာ။ ဒီလိုလူက နတ်ဆိုးဆန်ဆန်ယုတ်မာခဲ့ပြီးမှ လူကောင်းတစ်ယောက်လိုပြန်ပေါ်လာခဲ့တယ်။ ဘာဖြစ်ဖြစ်ခင်ဗျားကိုတော့ခွင့်လွှတ်နိုင်မယ်မထင်ဘူး။

"ဝိုး...သူကအကိုနဲ့အသိလား တော်တော်ချောတဲ့သူပဲ"

"ခင်ဗျား!! လူတကာကိုအလွယ်တကူလိုက်ကိုင်မနေနဲ့"

လှဲနေတဲ့သူရဲ့မျက်နှာကို ထိကြည့်ဖို့ကြိုးစားနေတာကြောင့် တားဆီးလာတဲ့သူ။

"ဖေဖေ"

"အဆင်ပြေလားပန်းလေး လန့်သွားသေးလား"

"ဟင့်အင်း...အဲ့ဦးဦးကရော ဘာဖြစ်မှာလဲဖေဖေ"

"ဦးဦးက ခဏအိပ်နေတာပါ နိုးလာရင်ကောင်းသွားလိမ့်မယ်"

"အကိုကသမီးရှိတာလား...မထင်ရဘူးပဲ အကို့မိန်းမကရော"

"အကို့မိန်းမကမရှိတော့ပါဘူး...အကို့မှာသမီးတစ်ယောက်ထဲရှိတာ"

"ဟုတ်လား...ချစ်စရာလေး ကို့ကို့ဆီလာပါလား"

"ဖေဖေ"

"သွားလိုက်လေပန်းလေး ကိုကိုကသမီးနဲ့နေပေးလိမ့်မယ်"

သမီးအားစိုးရိမ်နေခဲ့တာက ဘာမှမဖြစ်တာသိလိုက်ရပေမယ့် ပူပန်နေမှုကမပျောက်သွားသေး။ ဘာလို့မှန်းမသိ စိတ်ထဲပင်ပန်းနေလို့နေ၏။ ဘယ်အရာမှတွေးချင်စိတ် လှုပ်ရှားချင်စိတ်ရှိမနေဘဲငြိမ်သက်လို့ထိုင်နေရင်း သမီးရှိတဲ့ဘက်ဆီကြည့်တော့ နှစ်ယောက်သားနဲ့ဓာတ်ကျသွားပုံ ပျော်ရွှင်နေတာတွေ့နေရသည်။

"အကို ဒီမှာဆေးနံ့တွေပြင်းတယ် ကျွန်တော်ပန်းလေးကိုအပြင်ခေါ်သွားပေးရမလား"

"မရဘူး!! ခင်ဗျားနဲ့ဆိုကလေးအန္တရာယ်ရှိတယ်"

"ဘာမှဖြစ်ဘူး ပန်းလေးကိုကိုနဲ့ဆော့ချင်တယ်..နော်ဖေဖေ"

Mastermind (Uni+Zaw)Where stories live. Discover now