Part-26

42 4 0
                                    

လက်ထဲမှပန်းမှာပန်းစည်းငယ် နှင်းဆီဖြူဆယ့်လေးပွင့်ကိုင်လို့ ခုနှစ်ပွင့်ကို ပင်မြင့်ယံဆိုတဲ့ အမည်ရေးထိုးထားတဲ့အပေါ်တင်လိုက်ရင်း

"ဆွေးနည်းနည်းနောက်ကျသွားတယ်နော်မမ...ဒါနဲ့ မမကိုမိတ်ဆက်ပေးချင်တဲ့သူရှိတယ်သိလား။ သူက ညာဘက်က လေးနေရာအကျော်မှာလေ တိုက်ဆိုင်တယ်နော်...သူနာမည်ကတော့ နွေပန်ချီတေးတဲ့ ကျွန်တော့်အတွက် ဒုတိယမမပင်မြင့်ယံပါဘဲ ဒီနှင်းဆီဖြူတွေကလည်းသူ့အတွက်လေ။ သူကတော့မမကိုသိတယ်သိလား...တွေ့ခဲ့ရင်ခေါ်လိုက်နော်"

"ဒီတစ်ခေါက်တော့ ဆွေးအရင်လောက်ဝမ်းမနည်းနေဘူးမှတ်လား။ အဲ့လူလည်း အခုဆိုမမအချစ်ကိုနားလည်နေလောက်ပြီ စိတ်တိုဖို့ကောင်းလောက်အောင် သူရင်တွေကွဲနေတာ။ အရင်တည်းက သူသာအခုလိုလူမျိုးဆို ဒီလိုအဖြစ်မျိုးသူ့မှာဖြစ်လာမှာမဟုတ်ဘူး"

"တေးကလည်းမမရယ်...သူတို့လိုလူတွေနဲ့မှပတ်သတ်မိရတယ်လို့။ အခုဆို သူတို့ရဲ့သားကောင်တွေထဲ ဆွေးပဲကျန်တော့တယ်နော်။ မမရော၊ တေးရောက ဆွေးကိုသူတို့လက်ထဲထားခဲ့ပြီပဲ။ အဲ...ဆွေးအပြစ်တင်တာမဟုတ်ပါဘူး ဒီအတိုင်းမမတို့ကိုနှမြောမိလို့ပါ။ အခုတော့ ဆွေးသူတို့ရဲ့သားကောင်၊သူတို့ရဲ့အရုပ်မဖြစ်ချင်တော့ဘူး။ အရင်လို အနိုင်ကျင့်မခံရတော့ပေမယ့်လည်း ဆွေး...နောက်ဆုတ်လို့မရတော့တဲ့ပြစ်မှုမျိုးချိုးဖောက်ခဲ့မိတယ်"

"အရင်လိုအဆိုးကြီးလည်းမဟုတ်ပါဘူး...တစ်ယောက်က ရင်ကွဲပြီးနာကျင်နေသလို တစ်ယောက်ကလည်း တွယ်ကပ်ပြီးကြင်နာပြနေတယ်။ ရှေ့ဆက်ပြီးဘာဖြစ်မလဲမသိပေမယ့်...ဒီလောက်နဲ့တော့မရပ်ပစ်ချင်ဘူး...မဟုတ်ဘူး ရပ်လို့မရတော့တာမမ ဆွေးအဆုံးထိသွားရတော့မယ်။ ကံတရားကဆွေးဘက်လှည့်လာပြီး ဆွေးအလှည့်ရောက်ဖို့ကူညီပေးပါနော်...စကားတွေများနေမိပြီ တေးကိုသွားတွေ့ရဦးမယ်။ နောက်အပတ်မှဆွေးထပ်လာခဲ့မယ်နော်"

မျက်ဝန်းကတော့ မျက်ရည်တွေဝိုင်းနေပေမယ့် ငိုမချခဲ့။ တလှမ်းချင်းဆုတ်ခွာရင်း တစ်ဖက်ကိုလျောက်သွားပြီး ထိုအတိုင်းစကားတွေပြောနေသူ။ ကျေးဇူးတင်​စကားတွေ တောင်ပန်စကားတွေ ကတိတွေအထပ်ထပ်ပေးရင်း နောက်ဆုံးပြန်ဖို့ရာ ကားဆီထွက်လာခဲ့၏။

Mastermind (Uni+Zaw)Where stories live. Discover now