Part-21

53 6 0
                                    

"ကိုယ့်အတွက်မဟုတ်တဲ့လူတစ်ယောက်ကို စွဲလန်းပြီးချစ်မိတာ အကြီးမားဆုံးအခက်ခဲတစ်ခုပဲ။ နှလုံးသားနဲ့ရင်းပြီးပေးဆပ်ခဲ့တဲ့အတွက် အများကြီးမဟုတ်ရင်တောင် ကြည်နူးဖွယ်ရာတုံ့ပြန်မှုလေးတစ်ခုကိုတော့ သူတို့မျှော်လင့်မိတတ်ကြတယ်"

"ကျွန်တော့်အမလည်းဒီလိုဘဲ...အနားမှာရှိနေရုံလေးနဲ့ကျေနပ်နေမိတာတောင် အဲ့အချိန်တိုလေးအတွင်းကို ခါးသီးမှုနဲ့ဥပေက္ခာတွေပေးခဲ့တဲ့သူ။ တစ်ချိန်လုံးသူနာကျင်နေတာတောင် အဲ့လူအတွက်ဘာမဆိုလုပ်ပေးခဲ့တယ်။ သစ္စာမရှိတဲ့သူ၊ရိုင်းစိုင်းတဲ့သူ၊ကိုယ့်အပေါ်အနိုင်ကျင့်တဲ့သူဖြစ်နေတာတောင်...သူဆက်ချစ်ဖို့ကိုပဲရွေးခဲ့တာ"

"အဲ့အချစ်ကိုပဲခုတုံးလုပ်ပြီး...မမရဲ့ဘဝကိုဖျက်စီးခဲ့တယ်လေ။ တားဆီးနေတဲ့ကြားကနေ မမကိုယ်ဝန်ရခဲ့တယ်ဆိုတာသိတော့...အဲ့ကိုယ်ဝန်ကိုဖျက်ချခိုင်းတယ်"

"ရှင်...ရက်စက်လိုက်တာ။ ဘယ်လောက်တောင်လူမဆန်တဲ့သူလဲ"

အံကြိတ်ပြောရင်း ကိုယ့်ထက်အရင်မျက်ရည်တွေစီးကျနေသူ။ ဆွေးအရိပ်အကဲတစ်ချက်ကြည့်ရင်း ဆက်ပြောဖို့လုပ်လိုက်၏။

"မမကလည်း...တေးလိုနှင်းဆီဖြူလေးတွေသိပ်သဘောကျတာ။ ကျွန်တော်သူ့အတွက် အဲ့ပန်းလေးတွေယူသွားပေးနေကြလေ။ အဲ့လူကိုချစ်မိတာကလွဲရင်...မမကဖြူစင်ရိုးသားပြီး စိတ်ကောင်းရှိတဲ့သူတစ်ယောက်။ အဲ့တာကြောင့် သူ့ဘဝထဲဝင်လာတဲ့ အပြစ်မရှိတဲ့ကလေးကို သူမရက်စက်နိုင်ခဲ့ဘူး"

ကိုယ့်စကားတိုင်းမှာ တဖြည်းဖြည်းကျယ်လောင်လာတဲ့ ရှိုက်သံနဲ့ ငိုကြွေးသံ။ အသည်းထန်ငိုကြွေးချချင်စိတ်ကို မနည်းထိန်းထားပုံ။

"တစ်နေ့...ကျွန်တော်မမဆီကိုပန်းလေးပေးဖို့သွားတော့ အိမ်မှာမမရှိမနေခဲ့ဘူး။ နောက်တော့ တံတားအောက်က ချောင်းစပ်မှာ ကိုယ်တိုင်အဆုံးစီရင်သွားတဲ့ မမအလောင်းကိုကျွန်တော်တွေ့ခဲ့ရတယ်။ ကျွန်တော်ရူးမတတ်ဘဲတေးရယ်"

"ဘယ်လောက်ရက်စက်လဲဆို...သူတို့ဖိအားပေးတာခံခဲ့ရတဲ့မမက သူမသေခင် သူကလေးကိုသူကိုယ်တိုင်အရင်သတ်ခဲ့ရတယ်။ အဲ့အချိန်သူဘယ်လောက် ရင်တွေကွဲနေရမလဲ"

Mastermind (Uni+Zaw)Where stories live. Discover now