Part-14

59 7 0
                                    

ဟိုတယ်ကြီးတစ်ခုရှေ့တစ်စီးပြီးတစ်စီးရပ်လာတဲ့ ကားအကောင်းစားကြီးတွေကို အဆင်သင့်စောင့်နေတဲ့ ဝန်းထမ်းတွေက တရိုတသေဖွင့်ပေးလို့ ကြိုဆိုနေကြတယ်။

"ဂုဏ်ယူပါတယ်အာဏာမင်းဆက်...ငါ့တူလိုထက်မြက်တဲ့လူငယ်လေးက Super Moonကြီးကိုအုပ်ချုပ်မှာဆိုတော့...စီးပွားရေးလောကကြီးမှာ နေမင်းတစ်စင်းထပ်ထွက်လာဦးမှာပေါ့ကွာ"

"ဒါပေါ့ဗျ...အရင်ဥက္ကဌကြီးခေတ်ကကုန်ခဲ့ပြီလေ ကျွန်တော့်လက်ထက်မှာ အန်ကယ်တို့ကိုအတွေ့အကြုံသစ်တွေအများကြီးပေးဦးမှာ"

"ဟားဟား...ယုံပါတယ်ကွာ နေရာမရခင်ကတောင် မင်းအရည်အချင်းတွေကအရင်ထိုးဖောက်လာခဲ့တာ။ အန်ကယ်တို့အားလုံး မင်းအဖေထက်မင်းကိုပိုသတိထားနေရတာကွ။ အခုတော့အရွယ်ရောက်လာတဲ့ မိကျောင်းက အကောင်လိုက်ထွက်ပြလာပြီပဲ"

အပြုံးမပြတ်ရယ်မောကာပြောနေကြတဲ့သူတွေကို ဆွေးကြည့်လို့ မသိမသာနှာခေါင်းရှုံ့မိ၏။ ငယ်ငယ်ကစာအုပ်ထဲမှာကြည့်ခဲ့တဲ့ စာမဲ့ရုပ်ပြတစ်ခုကိုတောင်သွားသတိရမိတယ်။ အပြုံးလေးနဲ့လက်ဆွဲနှုတ်ဆက်နေတဲ့လူနှစ်ယောက် သူတို့ရဲ့အပေါ်မှာတော့ ဂျိုတပ်ထားတဲ့အရိပ်တွေဟာလက်နက်ကိုယ်စီနဲ့ တိုက်ခိုက်နေကြတာ။ ပြုံးနေပေမယ့် နတ်ဆိုးလိုအတွင်းစိတ်တွေနဲ့ မုန်းစရာကောင်းတဲ့အပြုံးတွေ။

"ဆွေး...ကိုယ့်နားလာ"

များပြားလှတဲ့မျက်နှာစိမ်း လူကုန်ထံတွေကြား အားဏာမင်းဆက်လှမ်းခေါ်လို့ အနားရောက်လာသူကို ဆွဲဖက်ကာကပ်ထားစေပြီး နည်းနည်းလေးမှခွာခွင့်မပြု။ ထိုအချိန်သူတို့အနားကို ခပ်ဝဝသူဌေးကြီးမှာ မိန်းမငယ်ငယ်ချောချောလေးမှလက်ချိတ်ထားလို့ ရောက်လာခဲ့၏။

"ဘယ်သူလေးလဲ မောင်အာဏာရဲ့။ မင်းအကြိုက်ကအမျိုးသားလေးတွေဆိုတာမသိခဲ့ပါလား"

"ဟားဟား..သူဌေးမင်းတို့အထင်လွဲနေပါပြီ။ ဒါကျွန်တော့်အတွင်းရေးမှူးပါ သူဌေးမင်းရဲ့ဘေးကမှ ဘယ်နှစ်ယောက်မြောက်ပါလိမ့်"

"နံပါတ်စဥ်တော့မသိတော့ဘူးကွာ...အခုချိန်မှာတော့ ငါ့အသည်းလေးပေါ့"

Mastermind (Uni+Zaw)Where stories live. Discover now