Part-24

56 5 0
                                    

အမြန်ဆုံးလေယာဥ်နဲ့ နေ့ချင်းပြန်လာသူက လေယာဥ်ကွင်းကနေ ကားကိုအလောတကြီးမောင်းနှင်လို့ တစ်ထပ်တိုက်လေးတစ်လုံးရှေ့ရပ်လိုက်၏။ အထဲသို့အလျင်အမြန်ပြေးဝင်လာခဲ့ပြီး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ထိုနေရာမှာတင်ဒူးထောက်ကျကာ သန်မာတဲ့ယောကျာ်းတစ်ယောက်ဖြစ်လျက် လူအများကြား အသံတိတ်ငိုကြွေးမိသည်အထိ။

"ကိုကြီး"

တိုင်းမဟာမင်း ခေါ်သံလေးကြောင့် ဘေးကိုကြည့်မိတော့ အမျိုးသားတစ်ယောက်ရင်ခွင်ထဲတွင် အားမရှိသလို လှဲနေသည့် ချစ်သူရဲ့ညီမငယ်။ အနီးကပ်သွားလို့  မျက်နှာထက်ညင်သာစွာပွတ်ပေးကာ နှစ်သိမ့်ပေးလိုက်မိ၏။ ကိုယ်တိုင်ကျ မျက်ရည်များသုတ်ဖို့သတိမရခဲ့။

"ဘာလို့အမြန်မပြန်လာတာလဲဟင်"

"တောင်းပန်ပါတယ်နော် ကိုကြီးနောက်ကျသွားတယ်။ ကြောက်နေလား ငါ့ညီမလေးအဆင်ပြေရဲ့လား"

"ဒေါ်ကြီးတို့တော့လာပေမယ့် ဒီကိုကိုရှိနေလို့ ပြန်သွားကြတယ်"

တိုင်း ကလေးကိုပွေ့တင်ထားတဲ့သူကို အခုမှသေချာမော့ကြည့်မိတယ်။ ရွှေရောင်သန်းနေတဲ့မျက်ဝန်းတွေနဲ့ ကိုယ့်အားစိုက်ကြည့်နေပြီး အကြည့်တစ်ချက်မလွှဲသွားသူ။

"မင်းက...."

"ကျွန်တော်ကမြတ်သောဆွေးပါ...အရင်နှစ်ခါလောက်တွေ့ဖူးတယ်ထင်တယ်"

"ကိုယ်မှတ်မိပြီ...ညီမလေးကိုကြည့်ပေးထားလို့ကျေးဇူးတင်ပါတယ်"

"ရပါတယ်...ကျွန်တော်လည်း တေးနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေပဲ ကူညီပေးသင့်တယ်ထင်လို့ပါ"

"အင်း...သူလည်း မင်းအကြောင်းကို ပြောပါတယ်"

"ခင်ဗျားအဆင်မပြေဘူးထင်တယ် ကလေးကိုကျွန်တော်ကြည့်ပေးမှာမို့ နားလိုက်ပါလား"

"ရတယ် ကိုယ်ဒီမှာပဲနေမယ်"

ဘေးကိုရွေ့လာပြီး နံရံကိုမှီကာ အရုပ်ကြိုးပျက်ထိုင်ချလာသူ။ နွေပန်ချီတေးရဲ့ဓာတ်ပုံဆီတစ်စိမ့်စိမ့်ကြည့်ရင်း မျက်ရည်တွေမနည်းထိန်းနေရတာ သူ့ရင်ထဲဘယ်လောက်ကြေကွဲမလဲဆိုတာ ခံစားကြည့်လို့ရတယ်။

Mastermind (Uni+Zaw)Where stories live. Discover now