Part-33

71 4 0
                                    

"ခင်ဗျား...ဟာ့ ဖယ် ဘယ်ကိုထိနေတာလဲ"

"အတူသွားရအောင်လို့ ဒါကိုတစ်ကယ်မလိုဘူးလား"

ထိတွေ့လာတဲ့လက်ကြောင့် နှုတ်ကငြင်းနေပေမယ့် အပေါ်မှခွလျက်နေပေးမိနေသူ။ ရူးလောက်တဲ့ခံစားမှုက ခဏလေးနဲ့ပြီးမြောက်ဖို့လုံလောက်နေပြီ။ သူ့လက်ထဲ အတူဆုပ်ကိုင်ထားတဲ့ သူ့ပစ္စည်းနဲ့ထိလိုက်ချိန်လေးမှာတင် လွှတ်ထုတ်မိလိုက်တဲ့အထိကောင်းလွန်းနေခဲ့သည်။

"ခင်ဗျား...မယုံရတဲ့သူပဲ လွှတ်တော့"

"ကိုယ်မပြီးသေးဘူးလေ"

"ဘာ..ဘာလုပ်ဖို့လဲ"

"ကိုယ့်လက်ကမှသုံးမရတာ ခါးကိုသုံးပါရစေ"

"ဘာသဘောလဲ ရပ်နော် ခင်ဗျား"

အပေါ်အောက်လူချင်းချိန်းပြီး လက်တစ်ဖက်ကခါးကနေဖက်ထားပြီး ကျန်လက်မောင်းက ခေါင်းကိုဖက်ထား၏။ ပတ်တီးအဖွေးသားနဲ့လက်က ခေါင်းနဲ့ရေချိုးကန်ဘောင်မထိအောင်ကာပေးထားတယ်။ ရေထဲလှုပ်ရှားနေတဲ့အသံနဲ့အတူ ဗိုက်ပေါ်ကအထက်အောက်ရွေ့နေတဲ့ခံစားချက် ရုန်းဖို့ရာခွန်အားတို့မရှိတော့လို့ အရှေ့ကရင်ဘက်နဲ့သာ မျက်နှာကိုမခွာတမ်းကပ်ပြီး ငြိမ်နေလိုက်ရ၏။

"ပြန်ရောက်ပါပြီ"

အထုပ်အပိုးတွေနဲ့ တံခါးဆွဲဖွင့်ကာဝင်လာတော့ ထူးဆန်းနေဆဲအခြေအနေနဲ့ဆုံပြန်တယ်။ အင်္ကျီအပွနဲ့ ခြေထောက်ဖုံးနေတဲ့ ဘောင်းဘီတွေနဲ့ အဝတ်အစားလဲထားတဲ့အကိုက အဝတ်တွေကြားမြှုပ်လို့ စိတ်ဆိုးနေဟန်။ ခမ်းလှမ်းလှမ်းက ခေါင်းပြုတ်မတတ်ငုံ့ထားတဲ့သူကလည်း အဖက်လုပ်လို့မလာ။

"အကိုပါရေချိုးထားတာလား"

"ဘာလို့လဲ အိမ်မှာတည်းကချိုးခဲ့တာမဟုတ်ဘူးလား"

"ရူးးးး"

ပါးစပ်လှမ်းအုပ်ကာ တားလိုက်တော့ ဝူးဝူးဝါးဝါးနဲ့ရန်ပြန်တွေ့နေတဲ့ အရိပ်အကဲမသိတဲ့ကျောက်ရုပ်လိုလူ။

"ဟိုလေ ကာရန်တို့ အမဲနှပ်လေးလုပ်စားကြမလား။ အားလည်းရှိတော့ လူမမာရော အကို့အတွက်ရောကောင်းတယ်လေ"

Mastermind (Uni+Zaw)Where stories live. Discover now