Part-16

61 5 0
                                    

ဆရာဝန်နဲ့အကူလက်ထောက်နှစ်ယောက် အာဏာမင်းဆက်ရဲ့အခန်းထဲသို့ ဝင်သွားခဲ့တော့ အိမ်စေငါးယောက်လောက် အခန်းပြင်မှာအဆင်သင့်ရပ်စောင့်ပေးနေရသည်။

အိပ်ယာထက် လှဲနေရမည့်လူနာက super moon ဥက္ကဌကြီးရဲ့ ရင်ခွင်မှာမှီကာလှဲနေတာမို့ စမ်းသပ်ပေးရန် အခက်တွေ့နေ၏။ ခန္ဓာကိုယ်ရဲ့ တစ်နေရာကိုထိမိလိုက်ရင် စောင့်ကြည့်နေတဲ့မျက်ဝန်းတွေက သတိပေးအငွေ့အသက်တွေထွက်လာတာမို့ ဂရုတစိုက် ကိုင်တွယ်နေရတယ်။

"သူဘာဖြစ်တာလဲ"

"စိတ်ပင်ပန်းမှုကြောင့်ပါ။ ခန္ဓာကိုယ်ကအားနည်းနေပြီး သွေးပေါင်ချိန်တွေကျနေတယ်။ ကျန်တာတော့ထွေထွေထူးထူးမရှိလို့မစိုးရိမ်ရပါဘူး"

"ခင်ဗျားသေချာရောလုပ်နေတာလား....ပင်ပန်းရုံနဲ့ လူကအခုလိုသတိမေ့တယ်တဲ့လား"

"ဖြစ်တတ်ပါတယ်လူကြီးမင်း...စိတ်ပင်ပန်းလာတဲ့အခါ အသက်ရူပုံတွေ သွေးခုန်နှုန်းတွေက ပုံမှန်လှုပ်ရှားမှုမျိုးကနေ သွေဖယ်လာတတ်ပါတယ်။ အပြင်းအထန်ငိုကြွေးခဲ့ရင်လည်း လူကမောပန်းလာပြီး ဦးနှောက်အလုပ်လုပ်ပုံတွေလည်း ရှုပ်ထွေးလာတတ်ပါတယ်။ ဒီလိုသာအချိန်ကြာမြင့်ခဲ့မယ်ဆို အခုလိုသတိမေ့မျောသွားတဲ့အထိဖြစ်တတ်တာပါ"

"အဲ့တော့ ဘာလုပ်ရမှာလဲ"

"အနားယူခိုင်းပါ စိတ်ညစ်တာမျိုးမဖြစ်စေပဲ တည်ငြိမ်နေအောင်ထားပေးပါ။ ကျန်တာအစားပုံမှန်စား ပုံမှန်အိပ်ခိုင်းပြီး...အတတ်နိုင်ဆုံးစိတ်ချမ်းသာအောင်ထားပေးပါ။ အကောင်းဆုံးကတော့ အချိန်ကြာကြာလေးအနားယူခိုင်းတာပါပဲ"

ဆွေးရဲ့မျက်နှာကို နူးညံ့စွာကြည့်နေရင်း ဆုံးဖြတ်ရခက်နေတဲ့မျက်ဝန်းတွေနဲ့  ကိုယ်တိုင်တွေဝေနေမိတာကိုတော့ အာဏာမင်းဆက်နားမလည်ခဲ့ပါ။

ဆရာဝန်ပြန်သွားတာအချိန်အတော်ကြာခဲ့ပြီ။ ထိုအချိန်တည်းက အိပ်ပျော်နေတဲ့ ဆွေးရဲ့ဘေးမှာ တစ်လျှောက်လုံးမလှုပ်မယှက်ထိုင်နေသူအနားကို အိမ်တော်ထိန်းဆိုသူ ရောက်လာခဲ့ပြီး

"စောင့်ကြည့်ဖို့ရာ အကောင်းဆုံးသူတွေများ ပြင်ပေးရမလားသခင်ကြီး"

Mastermind (Uni+Zaw)Onde histórias criam vida. Descubra agora