Part-5

83 7 0
                                    

"ဖေဖေ မအိပ်သေးပြန်ဘူးလား။ ဘဘနဲ့ အန်တီလေးက ဆေးသေချာသောက်ဖို့ပြောလိုက်တယ်"

"သမီး...အဲ့အကြောင်းတွေလျောက်မပြောရဘူးလေ။ အန်တီလေးတို့ သက်သက်စိတ်ပူပြီးဝမ်းနည်းနေလိမ့်မယ်"

"ဖေဖေ နေမကောင်းရင် မီးလည်းဝမ်းနည်းတယ်လေ။ မအိပ်ရင် နေမကောင်းဖြစ်မယ်လို့ ဖေဖေပဲပြောပြီးတော့"

"အင်းပါ ဖေဖေအိပ်ပါ့မယ်။ နေမကောင်းလဲမဖြစ်ဘူး ဟုတ်ပြီလား ပန်းလေးကိုဖေဖေကတိပေးတယ်နော်"

လက်သန်းလေးထောင်ပြလိုက်တော့ လက်သေးသေးလေးက လာရောက်ချိတ်လာသည်။ ကျေနပ်လို့ ပျော်ရွှင်သွားတဲ့သမီးငယ်ဘေး ဝင်လှဲကာဆံပင်လေးသပ်လို့ချော့သိပ်နေလိုက်၏။

"ဖေဖေ"

"ဟင်"

"မေမေက ဘယ်လိုမျိုးလဲဟင်"

"ပန်းလေးမေမေကလား"

"ဟုတ်...မေမေကလှလားဟင်"

"ဒါပေါ့...ပန်းလေးမေမေက အလှဆုံးနဲ့စိတ်ထားအကောင်းဆုံးပဲ။ ကြင်နာတတ်ပြီး လူတိုင်းကိုလည်းကူညီပေးတယ် ပန်းလေးတွေထက်လှပြီး ဖေဖေ့အတွက် အကောင်းဆုံးနဲ့တန်ဖိုးအရှိဆုံးသူပေါ့"

"ဒါဆို မေမေကမင်းသမီးလေးလိုပဲပေါ့။ ပန်းလေးလည်း မေမေ့လို မင်းသမီးလေးဖြစ်ချင်တယ်"

"ဖြစ်လာမှာပေါ့...ပန်းလေးက မေ့မေ့လိုလှပတဲ့မင်းသမီးလေးလည်းဖြစ်လာမှာ ဖေဖေ့ရဲ့ဘုရင်မလေးလည်းဖြစ်လာမှာ"

"ဟီးဟီးဟီး တကယ်နော်"

"အင်း"

"ဒါဆို မီးကို မင်းသမီးလေးဝတ်တဲ့ဂါဝန်လေးဝယ်ပေးပါလား"

"အင်း...ဖေဖေဝယ်လာခဲ့ပေးမယ်"

ပွေ့ဖက်လာတဲ့သမီးငယ်က မကြာခင်အိပ်ပျော်သွားလေသည်။ ဒီညကအရင်နေ့တွေထက် အိပ်ပျော်ဖို့ပိုခက်ခဲနေပြီး သူ့မျက်နှာကိုပြန်မြင်တိုင်း ရင်ထဲတစ်စစ်စစ်နာကျင်လာတယ်။ မျက်ဝန်းအိမ်မှဖြတ်သန်းစီးဆင်းသွားတဲ့ မျက်ရည်ပူတွေကို တားစီးနိုင်စွမ်းမရှိဘဲ ခေါင်းအုံးမှာသာမျက်ရည်အိုင်တွေရွဲနစ်စေသည်။
ထိုနေ့က သူတို့နဲ့သာဆုံမယ်လို့သိရခဲ့ရင် သွားကြည့်ဖို့လုပ်ခဲ့မိမှာမဟုတ်ဘူး။ ဆွေးမြတ်ပိုင်ရှင်ရဲ့ဘဝထဲ သူတို့သာဝင်မလာခဲ့ရင် အခုချိန်အရာရာပြောင်းလဲနေလောက်လား။ မဟုတ်ရင် ကံကြမ္မာကပဲ ကိုယ့်အတွက်သီးသန့်ဖန်တီးပေးထားတဲ့ နာကျင်စရာဘဝမျိုးလား။

Mastermind (Uni+Zaw)Where stories live. Discover now