Part-12

85 6 0
                                    

"အဲ့လူက"

"မှန်ပါတယ်...ဥက္ကဌဘက်က အရင်တစ်ခေါက်ရွေးပေးသွားတဲ့သူပါ"

"အွန်းးးးမဆိုးဘူးပဲ။ သူ့ပွဲရလဒ်ကရော"

"တစ်ပတ်ထဲနဲ့ အလောင်းဆယ်လောင်းတောင်ပိုင်ထားတယ်"

"​ငါထင်တာမမှားရင်...နောက်ပြိုင်ဘက်က ငါတို့ရဲ့စတားကြီးမှတ်လား"

"ဥက္ကဌမှန်ပါတယ်...ဒါဆို အကောင်းဆုံးစိတ်လှုပ်ရှားစရာအခြေနေလေးတွေပိုင်ပါစေဗျာ"

ဆွေး ထိုလူတွေကို ဘယ်လိုမှနားမလည်နိုင်တော့။ အောက်ကအလုံပိတ်ကွင်းထဲမှာ အရပ်ခုနှစ်ပေနီးပါးလောက်ရှိတဲ့ တစ်ကိုယ်လုံးသွေးတွေရွှဲနေသူက သူ့ခြေထောက်အောက်မှ ခေါင်းအစိတ်စိတ်အမွှာမွှာကွဲနေသူကို ထပ်ခါထပ်ခါနင်းခြေရင်း အောင်ပွဲခံနေ၏။ ကွင်းအပြင်က လူအုပ်မှာလည်း အုပ်အော်သောင်းနင်းအားပေးနေလိုက်တာများ လူတစ်ယောက်လုံး မျက်စိရှေ့အသတ်ခံရတာကို ပျော်နေကြတဲ့ပုံ။

"ဆွေး"

"အားးးး"

တစ်ကိုယ်လုံးတုန်ယင်နေတာကြောင့် အေးစက်နေတဲ့လက်လေးကို လှမ်းကိုင်တော့ ကြောက်လန့်ကာအော်လာ၏။ ကြည့်လာပုံက သွေးမရှိဖြူစုတ်နေပြီး ချွေးတွေရွှဲလျက်။ ဒါကို သဘောတကျပြုံးမိပြီး ပေါင်ပေါ်ဆွဲချကာထိုင်စေတော့ အလွယ်တကူအောင်မြင်သွားတယ်။

"မကြောက်နဲ့...သေချာကြည့်။ ဒါတွေနဲ့ရင်းနှီးအောင်လုပ်ထား ရှေ့လျောက်ဒီလိုမြင်ကွင်းမျိုး ဆွေးခဏခဏကြုံရတော့မှာ။ ပထမဆုံးကြိမ်မို့လို့ပါ...ကြောက်နေရင်ကိုယ့်ကိုဖက်ထား"

လက်ကိုဆွဲလို့ ပုခုံးပေါ်တင်ကာပေးတော့ တင်းကျပ်စွာဆုပ်ကိုင်လာသူ။ ဝင်လာတုန်းက တွေ့တဲ့သူတွေလိုဝတ်စုံဝတ်ထားသူတွေက အလောင်းကိုသယ်ထုတ်သွားပြီး ခဏတွင်းသန့်ရှင်းလိုက်ကြတယ်။ ဗလာဖြစ်သွားတဲ့ကွင်းထဲကို ဆံပင်ရှည်တက်တူးတွေနဲ့ အစောကလူမှ ချက်ချင်းဝင်လို့လာပြီး

"ဝိုးးး ဝိုးးးး ဝိုးးးး ဝိုးးးး"

"လူကြီးမင်းတို့စိတ်တိုင်းကြရဲ့လား ဘယ်လိုသားရဲကြီးပါလိမ့်နော်။ သားကောင်တိုင်းရဲ့ ဆရာသခင်လို့တင်စားလိုက်ချင်တယ်...ကျေနပ်ကြတယ်မှတ်လား"

Mastermind (Uni+Zaw)Où les histoires vivent. Découvrez maintenant