Part-23

56 5 0
                                    

ညနေတောင်မစောင်းသေးပဲ ဆွေးထိုနေရာကနေ အပြင်လောကထဲထွက်ခွင့်ရခဲ့တယ်။ အခုမှရရှိလာတဲ့ လတ်ဆတ်တဲ့လေကို တန်ဖိုးထားလို့ အပြည့်အဝခံစားနေချိန် အရှေ့မှာရပ်လာတဲ့ကားတစ်စင်း။ ကိုယ်တိုင်တံခါးဆင်းဖွင့်ပေးလာသူက Super Moonရဲ့ ဥက္ကဌ။

"အလုပ်များနေမှာပဲ ကိုယ်တိုင်မလာလည်းရတာပဲကို"

"ဆွေး..."

"ဗျာ"

"မင်း...."

စကားဆက်မပြောလာဘဲအချိန်ကြာကြည့်လို့နေပြီးမှ

"ထားတော့...ကိုယ့်ပေါ်လာထိုင်"

"ဗျာ...ဘာလို့"

"ပြောထားတာမမေ့နဲ့လေ ကိုယ်ဘာပြောပြောလုပ်မယ်ဆိုတာ"

"မမေ့ပါဘူး...ဒါပေမယ့် အခုကျွန်တော့်ကိုယ်က မသန့်ရှင်းဘူးလေ"

ထိုစကားကြောင့် အာဏာမင်းဆက်မေးရိုးတို့တင်းထွက်လာပြီး ဒေါသထွက်သွားဟန် အံကြိတ်သံနှင့်

"အိမ်ကိုအမြန်မောင်း"

အချိန်တိုအတွင်း အမြန်ရောက်လာခဲ့ပြီး စံအိမ်ရှေ့ကားရပ်လို့ ဆင်းလိုက်တော့ ခွေယိုင်သွားတဲ့ဆွေးအား ပြေးပွေ့ကာ အိမ်ထဲသယ်လာသူ

"ရေချိုးဖို့ပြင်ထားပြီးပြီလား"

"အကုန်ပြီးပါပြီသခင်ကြီး"

"ပြောတဲ့အတိုင်းလုပ်ထားလား"

"ဟုတ်ကဲ့...နို့ရည်တွေလည်းအလုံလောက်ရှိပါတယ် အကောင်းဆုံးနံ့သာတွေလည်းလုပ်ပေးထားပါတယ်။ အမွှေးပါတဲ့ဖယောင်းတိုင်တွေရော နှင်းဆီပွင့်ချပ်တွေကပါ...အကုန်သခင်ကြီးပြောထားတဲ့အတိုင်းလုပ်ထားပေးပါတယ်"

အိမ်တော်ထိန်းဆိုသူရဲ့စကားအဆုံး ရေချိုးခန်းအတွင်း တန်းဝင်လာခဲ့သူ။ ဆွေးမှာ ထိုလူပွေ့ထားတဲ့အတိုင်း တစ်ချက်အထွန့်မတက်ဘဲ လိုက်လာခဲ့ပြီး မြင်လိုက်ရတဲ့ရေချိုးခန်းကြောင့် ကြက်သေသေသွား၏။

"ကိုကိုယ်တိုင်ဆေးပေးမယ်"

"ဗျာ...ဒီ ဒီလိုမျိုးတွေပြင်ဆင်ပြီးတော့လား"

အသာအယာချပေးလာပြီး အဝတ်တွေချွတ်ပေးလာတော့ ဆွေးငြိမ်ခံနေလိုက်တယ်။ ဖယောင်းတိုင်မီးရောင်လေးတွေကြား ဝင်းမွတ်နေတဲ့အသားအရည်မှ နေရာအနှံ့ရှိနေတဲ့ အမှတ်ရာတွေမြင်ပြီး အကြောတို့တင်းနေအောင်ဆုပ်ထားတဲ့လက်က အနားရှိမှန်အားထိုးခွဲလိုက်၏။ ဆွေးထိုအဖြစ်ကိုအစအဆုံးကြည့်နေပြီးမှ

Mastermind (Uni+Zaw)Waar verhalen tot leven komen. Ontdek het nu