Part-29

55 4 0
                                    

ပြလာတဲ့လက်ထဲမှလက်စွပ်ကိုမြင်တော့ ထိတ်လန့်သွားသူက လက်ထဲမှကော်ဖီခွက်လွတ်ကျကာကွဲသွားခဲ့၏။ ဒါကိုတောင်သတိမထားမိသေးဘဲ ထိုလက်စွပ်ကိုဆွဲယူဖို့အထ အမှတ်တမဲ့ခြေခေါက်လဲတော့ ကြမ်းပြင်ပေါ်လက်ထောက်မိသူ။ ခွက်ရဲ့အပိုင်းအစတို့နဲ့ ထိရှမိကာ လက်၌သွေးတို့ပါထွက်လာလေတော့

"ဆွေး..မင်းရရဲ့လား"

"အဲ့တာ...အဲ့လက်စွပ်က"

"ကိုယ်ယူမှာဆိုးလို့လား...ကလေးဆန်လိုက်တာ မင်းဒဏ်ရာဆေးထည့်ရမယ်..လာ"

ဆွဲပွေ့ကာရေချိုးခန်းထဲခေါ်လာတော့ အလိုက်တသင့်ပါလာခဲ့တယ်။ အနောက်ကနေလက်နှစ်ဖက်ကိုလှမ်းယူဆုပ်ကိုင်လို့ ရေဆေးပေးနေသူရဲ့ပုံရိပ်အား မှန်ကနေဆွေးကြည့်နေရင်း

မသိတာလား သူမမှတ်မိတာပဲလား။ အဲ့လက်စွပ်ကသူချက်ချင်းမှတ်မိစေနိုင်မယ့်ပစ္စည်းတစ်ခုမဟုတ်လို့လား ဒါမှမဟုတ်ရင်တစ်ကယ်ပဲမေ့သွားတာလား။ အဲ့တုန်းက ငါ့လည်ပင်းမှာဆွဲထားတုန်းကတောင် သူပြောနိုင်သေးတာပဲ။ အဲ့လက်စွပ်ကရောဘယ်လိုလုပ်ပါလာတာလည်း သူအခုဘာတွေတွေးနေလောက်လဲ

"ကိုယ်ကမင်းလက်မှာမစွပ်ထားလို့မေးမိတာလေ... လက်ထပ်လက်စွပ်ဆို မင်းဝတ်ထားသင့်တယ်ထင်လို့"

"ဟွန် အွန်း..."

အတွေးတွေက လည်ပင်းနားကဝင်သက်ထွက်သက်နဲ့အတူ ကြားလိုက်ရတဲ့စကားသံကြောင့် အသိပြန်ဝင်လို့လာ၏။ အနောက်ကနေဖက်ထားတော့  ခန္ဓာကိုယ်နှစ်ခုက ပူးကပ်လို့နေပြီး နေရခက်လာလို့

"ရ ရပြီလေ...အဆင်ပြေပြီ ခင်ဗျားဖယ်တော့"

ပြန်ပြောမလာသလို ဖယ်လည်းမပေးသေးတော့ အနောက်ဆုတ်တွန်းမိချိန် ခါးနားကိုလာထိတဲ့အရာကြောင့်ဆွေးလန့်ကာ အမြန်လှည့်၍တွန်းထုတ်လိုက်၏။

"ရပြီလို့"

"ဪ အင်း...ဒါဆို ကိုယ်ဆေးထည့်ဖို့သွားယူလိုက်မယ်"

သူထန်နေတာလား အဲ့တာပုံမှန်အရွယ်အစားမှမဟုတ်တာ။ တဏှားရူးတွေကတော့တူတဲ့အချက်ကိုရှိနေတာပဲ။ ကြည့်ရတာ သူ့မှာမပြောင်းလဲတဲ့အရာတွေလည်းရှိသေးတဲ့ပုံပဲ။

Mastermind (Uni+Zaw)Where stories live. Discover now