Part-20

58 7 0
                                    

ဆွေးကြည့်နေရင်း လျှောက်လမ်းလေးဘေးမှ မြက်ခင်းပြင်ဆီအကြည့်ရောက်သွား၏။ အမှိုက်များပြန့်ကျဲလျက် သဲအထပ်ထပ်ဖုံးလွှမ်းနေလို့ အစိမ်းရောင်အပင်လေးတစ်ပင်တောင်မရှိတော့တဲ့ဒီနေရာမှာတစ်ချိန်က

"ဆွေးရေ...မိုးမိုးရေ...ပန်ပန်ရေ...ရန်ငြိမ်းရေ..."

အသံကြားရာတံခါးဝမှ မြတ်သောပန်းဆီ မြက်ခင်းစိမ်းမှာပြေးဆော့နေသော ​ငါးနှစ်အရွယ်ကလေး လေးယောက်ကြည့်လာကြ၏။ လက်လေးယှက်ကာခေါ်လိုက်တော့ သူ့ထက်ငါအရင် ယိုင်တိုင်တိုင်နဲ့ ကြက်ပေါက်လေးများလို ပြေးလာကြသူများ

"မမ..."

"အဲ့ဒါငါ့မမ"

"ဟုတ်ဖူး ငါ့မမ"

"တွားဟာ ငါ့မမပါချို"

ကလေးအရေအတွက်သိပ်မရှိတဲ့ဂေဟာလေးရဲ့ အရွယ်တူလေးသုံးယောက်နဲ့ ထိုအထဲမှာဆွေးကအငယ်ဆုံးမို့လေးနှစ်သာရှိသေးသည်။ အဆော့သန်တဲ့အရွယ်လေးတွေမို့ အဆိုးလေးတွေဖြစ်နေပြီး မြတ်သောပန်းမှ အချိန်ပြည့်လိုက်ဂရုစိုက်ပေးနေရတဲ့ အဓိကလူသားလေးတွေ။

"ကဲ..ကဲ..ကဲ ဒီမမက အားလုံးရဲ့မမပါလို့ပြောထားတာကို ရန်ဖြစ်နေကြပြန်ပြီ။ မနေ့ကပြောထားတဲ့ ဝက်ကလေးသုံးကောင်နဲ့မြေခွေးကြီးအကြောင်းကိုသိတယ်မှတ်လား"

"ဟုတ်"၄

"ဒါဆို စည်းစည်းလုံးလုံးနဲ့တူတူနေရမယ်လေ။ ပြီးတော့...မြက်ပင်လေးတွေပေါ်မပြေးဖို့ မမပြောထားတယ်မှတ်လား"

"ဘာရို့ရဲမမရဲ့"

"ဆွေးရယ်...ဆွေးတို့ပြေးတော့ မြက်ပင်လေးတွေကိုခြေထောက်လေးတွေနဲ့နင်းမိမှာလေ။ အဲ့အခါကျရင် မြက်ပင်လေးတွေက နာလို့အော်ငိုနေမှာ။ ဒီလိုဆို ဆွေးတို့ကလူဆိုးလေးတွေဖြစ်ကုန်ပြီပေါ့"

"ဒါဆိုမမ...အပင်လေးတွေကလည်း သမီးတို့လိုစကားပြောတာပေါ့နော်"

"ဒါပေါ့ကလေးတို့ရဲ့....ဒါပေမယ့် သူတို့ပြောတာတွေကို မမတို့ကမကြားနိုင်တော့ မသိဘဲဖျက်ဆီးမိရင် သူတို့လေးတွေနာနေမှာပေါ့ကွဲ့"

"ဒါဆို ပန်းလေးတွေရောလားဟင်မမ"

"ပန်းလေးတွေကိုတော့ ခူးလို့ရတယ်။ ပန်းလေးတွေပွင့်တဲ့အပင်ကိုတော့ မဖျက်ဆီးရဘူးနော်...ပန်းလေးနဲ့ အသီးလေးတွေဆိုတာ အပင်လေးတွေ မမတို့ကိုပေးတဲ့လက်ဆောင်လေ"

Mastermind (Uni+Zaw)Where stories live. Discover now