Part-17

60 5 0
                                    

ပထမနှစ်ပြီးတည်းက မကြုံရတော့အနိုင်ကျင့်မှုမျိုး ဆွေးအတွက် အချိန်ကြာမှတစ်ဖန်ပြန်လာခဲ့တယ်။ ထိုလူတွေရောက်နေမှာစိုးရိမ်စိတ်နဲ့ ဂေဟာမှာတောင် သိပ်ရှိမနေတတ်တော့။ ပြန်ရောက်လို့ အမဖြစ်သူနဲ့ ဆရာမအားကြည့်မိလျှင် အပြစ်ရှိနေသလိုစိတ်ကြီးနဲ့ ရင်အစုံကနာကျင်နေသလို။ ဘယ်လိုပဲရှောင်ပြေးနေပါစေ သူတို့ကစားဖို့လိုရင် မရရအောင်လာရှာတတ်သူတွေ။

"ဒီလိုတွေတောင်ဖြစ်နေပြီဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲကွယ်"

"ကျွန်တော့်ဘက်ကပဲတောင်းပန်ပါတယ်ဆရာမကြီးရယ်...ကျွန်တော်ပန်းကိုတကယ်ချစ်မြတ်နိုးလို့ပါ တစ်သက်လုံးစောက်ရှောက်သွားပါ့မယ်လို့ကတိပေးပါတယ်"

"သမီးလေးကရော"

"သမီးကတော့ အိမ်ထောင်ပြုဖို့အစီအစဥ်မရှိဘူး။ ဒါပေမယ့် ဗိုက်ထဲက ကလေးကိုတော့ သမီးတို့လိုဒုက္ခမရောက်စေချင်ဘူးဆရာမ"

"ကိုယ့်အမှားပါပန်း...ကိုယ် မင်းကိုရောကလေးကိုပါအပြည့်အဝတာဝန်ယူပါတယ်"

"သားကလူကောင်းလေးပဲ ဆရာမယုံကြည်ပါတယ်။ ဒါပေမယ့်သမီး ဆွေးကိုသမီးဘယ်လိုပြော..."

"မမ"

"ဆွေး"

ပြန်ရောက်လာတော့ မမကဧည့်သည်တစ်ယောက်နဲ့ ဆရာမအခန်းဆီဝင်သွားတယ်ဆိုလို့ စိုးရိမ်ပြီးတက်လာခဲ့တာ အခန်းအပြင်ကနေကြားရတဲ့စကားတွေကြောင့် ခဏတာရပ်နားထောင်းပြီးမှဝင်ခဲ့လိုက်တယ်။

"အကို့နာမည်က ကောင်းစေမင်းပါ။ အလုပ်အကိုင်ကတော့ ခွဲစိတ်အထူးကုတစ်ယောက်ပါ...ပန်းဆီကနေ ညီလေးအကြောင်းကြားဖူးပါတယ်။ အကို မင်းအမအပေါ်အမှားပြုမိတဲ့အတွက် တောင်းပန်ပါတယ် အကိုအဆုံးထိတာဝန်ယူပါရစေ အကို့ကိုခွင့်လွှတ်ပါ"

"ဆွေး"

"ဆွေးနားလည်ပါတယ်မမ...ဆရာမမြတ်ပြောသလိုပဲ ဒီအကိုကလူတော်လူကောင်းတစ်ယောက်ပဲ။ မမကံကောင်းပါတယ် ဆွေးကိုအားမနာပါနဲ့"

"မဟုတ်ဘူးဆွေး...မမရဲ့တာဝန်က ဒီနေရာလေးကိုတာဝန်ယူပေးဖို့လေ။ မမရဲ့ပေါ့လျော့မှုကြောင့် အခုလိုမျိုးဖြစ်ရတာ မမဒီလိုပုံစံမျိုးနဲ့ထွက်မသွားနိုင်ဘူး"

Mastermind (Uni+Zaw)Where stories live. Discover now