Part-10

92 7 0
                                    

"မင်းတို့အလုပ်ကြောင်းကို သိသင့်သလောက်သိပြီးပြီမှတ်လား"

"ဂိုဒေါင်ရွေ့မှာနဲ့ ဝန်ထမ်းတွေလျှော့ပစ်မှာကိုလား"

"နေရာအသစ်မှာလုပ်ဖို့က တခြားအရည်အချင်းရှိတဲ့သူတွေ ငါအများကြီးခေါ်နိုင်တယ်။ မလိုသူတွေကိုတော့ သန့်စင်ပစ်ရမှာပေါ့"

"ဒါဆိုကျွန်တော်ကရော...ကျွန်တော်ကရောဘာလို့လုပ်ခွင့်မရှိတော့တာလဲ"

"ဘာလို့ဆို...မင်းနေရာကငါ့အနားမှာလေ"

"မနေချင်ဘူး...ကျွန်တော်ခင်ဗျားတို့နဲ့အဝေးမှာနေမှဖြစ်မှာ။ နောက်တစ်ကြိမ်ထပ်ပြီး ကျွန်တော့်ဘဝထဲ ဝင်မလာပါနဲ့တော့"

"ငါမင်းဘဝထဲဝင်လာတာမဟုတ်ဘူးဆွေး...မင်းကိုငါ့ဘဝထဲခေါ်နေတာ။ မင်းဒီအတိုင်းပဲဆက်နေတော့မှာလား...မင်းမှာမကျေနပ်မှုတွေနဲ့ပြည့်နေမယ်လို့ငါထင်နေခဲ့တာ"

"ခင်ဗျားဘာကိုပြောချင်တာလဲ"

"ဝင်လာခဲ့လိုက်...ငါ့ဘဝထဲဝင်လာခဲ့လိုက်။ မင်းသိလာလိမ့်မယ်"

ကောက်ကျစ်မှုအပြည့်နဲ့မျက်ဝန်းတွေက မျှော်လင့်ချက်တစ်ချို့ရှိလို့ ကြည့်လို့လာနေတော့ အမြန်အကြည့်လွှဲလိုက်၏။

"ခင်ဗျားဘယ်လိုပြောပြော ကျွန်တော်လုပ်မှာမဟုတ်ဘူး"

"ဒါဆိုမင်းပြောကြည့်ဆွေး...ရန်ငြိမ်းစေဆိုတဲ့ကောင်ကို ငါရွေးချယ်မှုတစ်ခုပေးရင်...မင်းအနားကထွက်သွားဖို့ရွေးမလား မဟုတ်ရင် ဒီလောက(က)နေထွက်သွားဖို့ရွေးမလား။ မင်းဘယ်လိုထင်လည်း"

"ခင်..ဗျား..ကြီး"

"ငါ့အနားမှာနေလို့ မင်းအရှုံးမရှိစေရဘူး။ ဘာလို့ဆို ငါမင်းကိုနောက်တစ်ကြိမ် အဆုံးမရှုံးမခံနိုင်တော့လို့"

"တောက်စ်"

"မင်းစဥ်းစားပါ မင်းလွတ်သွားတဲ့အ​ဖြစ်ပျက်တစ်ချို့နဲ့ မင်းဆုံးရှုံးခဲ့သမျှသူတွေကို ဒီအတိုင်းလက်လွှတ်တော့မှာလား။ တကယ်လို့ ငါ့အနားမှာနေရင် မင်းသိချင်တာတွေသိရမယ် ပြီးတော့ မင်းလုပ်ချင်တာတွေလုပ်ခွင့်ရမယ်။ ဒီတစ်ခါငါမင်းဘက်ကနေမှာ...ငါ့ကိုမလိုဘူးလား"

Mastermind (Uni+Zaw)Where stories live. Discover now