Part (1)

3.3K 72 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (1)
--------------------- unicode/ zawgyi

နံရံပေါ်မှာ အခန့်သားရှိနေသေးတဲ့ မေမေ့ဓာတ်ပုံကိုကြည့်ပြီး ကတိ မဲ့ခနဲပြုံးမိတာက ကွယ်လွန်သွားပြီဖြစ်သော မေမေ့ကြောင့်တော့ မဟုတ်

"ဖုန်းပြောချင်လည်း တခြားနေရာရွေးသင့်တယ်ထင်တယ်...
မေမေကြည့်နေတယ်လို့ မခံစားရဘူးလား "

"ဘာ "

ခနဲ့ကာမဲ့ကာ ပြောလာသော ကတိစကားကြောင့် ဦးဂုဏ်ရောင် ကိုယ့်နောက်ဘက်ကို အယောင်ယောင်အမှားမှား လှည့်ကြည့်မိတော့ နံရံပေါ်ရှိ ဓာတ်ပုံထဲက ညို့အကြည့်တွေက တကယ်ပဲ စူးလက်နေသယောင်ယောင်

"မင်း ရူးကြောင်ကြောင် ပြောမနေစမ်းနဲ့ "

လိပ်ပြာမလုံဖြစ်သွားရသော စိတ်ကို ငေါက်ငမ်းခြင်းနဲ့ ဦးဂုဏ်ရောင် ဖုံးလိုက်ပေမယ့် တကယ်ကြီး ကျောချမ်းသွားမိတာကတော့ အမှန်
လူ့စိတ်ကို ကတိမ်းကပါးဖြစ်အောင်ပြောပြီးတာတောင် ရိုးရာကတိဆိုတဲ့ ကိုယ့်သားလှရတနာရဲ့ စကားက ဒီမျှနဲ့ ရပ်မသွား

"ခြေသုတ်ဝတ်ကို ခေါင်းပေါင်းလုပ်ဖို့ပြင်နေတဲ့ ဖေဖေ့အတွေးကို မေမေသာရှိသေးရင်လည်း အပြစ်တင်မှာပဲလေ "

"ရိုး ရာ က တိ!!!!"

စိတ်ထဲရှိရာကို ပေါ်လွင်ထိမိအောင် ပြောတတ်နိုင်လွန်းတဲ့ ကတိကို ဦးဂုဏ်ရောင် ခေါ်လိုက်မိတာက ပြန်ထူးစေချင်လို့တော့ မဟုတ်
ဒီစကားက အဖေကိုပြောရမယ့် စကားလား

"မင်းငါ့ကို မိချောင်းမင်း ရေခင်းမပြနဲ့...
မင်းအမေဆုံးတာ ငါးနှစ်ရှိနေပြီကွ...
ငါ နောက်အိမ်ထောင်ပြုရင်တောင် ဘယ်သူမှအပြစ်မပြောဘူး "

"ဖေဖေယူမယ့် မိန်းမက... ခုနဖုန်းပြောနေတဲ့မိန်းမ မဟုတ်ရင်တော့ မှန်လောက်မှာပါ "

တစ်ခွန်းမကျန်အောင် တဒက်ဒက် ပြန်ပြောနိုင်သော ကတိစကားကြောင့် ဦးဂုဏ်ရောင် ခေတ္တ ဆွံ့အသွားရပြီးမှ

"မြတ်က ဘာဖြစ်နေလို့လဲ "

"ဖေဖေ့ ခြေဆေးအိုင်က
တကယ့် ခြေဆေးအိုင်အဆင့်ပဲ ဆိုတာ မသိဘူးလား "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now