Part (46)

210 14 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (46)
-----------------------------------------------

"ကိုယ် ဝင်ပို့ပေးခဲ့မယ် "

"နောက်ကျနေပြီလေ...
ကျွန်တော့်ဘာသာ သွားလိုက်ပါ့မယ်...
အပြန်လည်း တကူးတကလာကြိုနေရမှာ"

ဒီနေ့ အစ်ကိုကြီးက ​Start Up စွန့်ဦးတီထွင် သူလုပ်ငန်းရှင်အသစ်တွေရဲ့ တွေ့ဆုံပွဲကို တက်ဖို့ရှိနေပြီး
အောက်ခြေကနေ အောင်မြင်လာတဲ့ (အောင်မြင်နေဆဲ) လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း သူ့ရဲ့အတွေ့အကြုံတွေကိုအကြံပေး မျှဝေရင်း အမှာစကားပြောပေးရမည်

လျှံကလည်း ကုမ္ပဏီကို မသွားမဖြစ်သွားရမယ့် အလုပ်ကိစ္စရှိနေပြန်တာကြောင့်
တစ်လမ်းစီသွားကြရမည့်အရေးကို အစ်ကိုကြီးက သဘောမတူဟန်နဲ့

"ပွဲပြီးတာနဲ့ ဝင်ကြိုလိုက်လို့ရနေတာပဲကွာ "

"လမ်းက မသင့်ဘူးလေ..
ကျွန်တော်မောင်းသွားလို့ရပါတယ်...
အစ်ကိုကြီးသာ ခန့်ခန့်ညားညားလေး ဖြစ်နေပါစေ...
ဒီပွဲက Channelတွေမှာ လွှင့်မှာမဟုတ်လား"

တိုက်ပုံနဲ့ ပုဆိုးကို ကျကျနနဝတ်ထားတဲ့ အစ်ကိုကြီးပုံစံက မြင်ရခဲတာမို့..

လျှံ သဘောကျနှစ်ခြိုက်စွာကြည့်နေမိရင်း ပြောလိုက်မိတော့...

"မင်းခင်ပွန်းကို ယုံကြည်စမ်းပါကွ...
ကိုယ်က ရိုးရာgroupရဲ့ တည်ထောင်သူပါ.."

ကိုယ့်ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ပြောလာတဲ့ အစ်ကိုကြီးရဲ့ သွင်ပြင်က ယုံကြည်အားကိုးထိုက်ဖွယ်အရှိန်ဝါတွေ အပြည့်...

သိသိသာသာပေါ်လွင်တောက်ပနေတာမျိုးမဖြစ်ရအောင် နံသာရောင်တိုက်ပုံကို ပိုးချည်အနည်းငယ်သာပါတဲ့ အုန်းခွံရင့်ရောင်ခပ်မှိုင်းမှိုင်း ပိုးပုဆိုးနဲ့တွဲဝင်ထားတာတောင် ပသိုင်းစိမ်းစိမ်းတွေထင်းနေတဲ့ မျက်နှာက တည်ကြည်ခန့်ညားမှုတွေ ထင်ဟပ်ပေါ်လွင်နေတာမျိုး...

" အရမ်းကြည့်ကောင်းတဲ့ founder ကြီးပါပဲ"

လျှံ စိတ်မထိန်းနိုင်ဘဲ အစ်ကိုကြီးပါးကို နမ်းလိုက်မိတော့ အစ်ကိုကြီးက လျှံ့နဖူးကို ဖွဖွပြန်နမ်းလာတယ်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now