Part (32)

388 20 2
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (32)
----------------------- unicode/ zawgyi

"စိတ်ညစ်နေပြီလား."

"မညစ်ပါဘူး...
မင်းလိုချင်တာတွေ အကုန်ရရဲ့လား "

"အင်း...
အဝတ်စားပဲ ကြည့်ဖို့ကျန်တော့တယ်"

လပြည့်နားမလည်တဲ့ skin care အမျိုးမျိုးကို ဝယ်အပြီးမှာတော့
သတ္တိက အဝတ်စားရွေးဖို့ ခြေဦးလှည့်လေပြီ

"တစ်ယောက်တည်း အဆင်ပြေလို့လား ငါတဝက်ယူမယ်လေ"

"နေပါစေ ရတယ် ..."

ကိုယ့်လက်ထဲက အလှကုန်ပစ္စည်းထည့်ထားတဲ့အိတ်တွေဆီ လက်လှမ်းလိုက်တဲ့ သတ္တိကို လပြည့်ငြင်းလိုက်တော့

"ဒါဆို ဒီလိုဆိုရင်ရော "

"မင်းကတော့ "

ကိုယ့်လက်ကို လာချိတ်တဲ့ သတ္တိကြောင့် လပြည့် ခေါင်းတရမ်းရမ်းလုပ်ပြီး ရယ်လိုက်မိပေမယ့်..
သတ္တိနဲ့ လက်ချင်းချိတ်ပြီးသွားရတဲ့ အနေအထားကို ကိုယ်တိုင်လည်း သဘောကျမိသားပင်

တွေ့သမျှလူတိုင်းက ကိုယ်တွေနှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်လုပ်သွားကြတော့
လပြည့်မျက်နှာက မိုးပေါ်ချိတ်မတတ်...

ကိုယ့်ဘေးနားက အလှလေးက တော်ရုံမှမဟုတ်ဘဲ...

ကျောင်းသွားနေကျပုံစံလိုမဟုတ်ဘဲ ဒီနေ့မှ အထူးတလည် ပြင်ဆင်ခြယ်သထားတဲ့ သတ္တိက အဖြူရောင်ဘောင်းဘီရှည်ပျော့ပျော့ကို မိန်းမဝတ်ချည်ရှပ်အဖြူနဲ့တွဲဝတ်ထားပြီး အင်္ကျီပေါ်မှာ အလှပတ်ထားတဲ့ crystalခါးပတ်လေးကမိန်းမဆန်စွာ ကျော့ရှင်းနေစေတဲ့အပြင်
နို့နှစ်ရောင်ခြေခုံပေါ် ကြိုးတွေယှက်သိုင်းထားတဲ့ ဒေါက်ဖိနပ်အဖြူလေးကြောင့် ခြေလှမ်းလိုက်တိုင်းမှာ လူတိုင်းငေးရလောက်အောင် ပျော့ပျောင်းနူးညံ့စွာ smartကျလွန်းစွာနဲ့...

လှပါတယ်ဆိုတဲ့ မိန်းကလေးတွေနဲ့ တွဲသွားနေတဲ့ကောင်တွေလောက်ကို လပြည့်တို့ကသနားသည်ပေါ့....

"ငါပျော်လိုက်တာ "

ကိုယ့်နား အနားကပ်ကာ မျက်နှာလေးစောင်းငဲ့ပြောလိုက်တဲ့ သတ္တိပုံစံကြောင့် လပြည့်ရဲ့ မခုန်တတ် ခုန်တတ် ရင်ခုန်သံက မှားချင်ချင်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now