Part (45)

214 14 0
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (45)
---------------------------------------------------

"ဆန္ဒ"

လဆန်းညို ခိုင်မြဲဆန္ဒကို မော့ကြည့်ပြီး မောင့်ဘက်ကို ပြန်လှည့်ကြည့်မိတော့...

ကိုယ့်ကို ရင်းနီးစွာဆက်ဆံနေတဲ့ ခိုင်မြဲဆန္ဒကို မောင်က အကဲခတ်နေပုံမျိုး

"မောင်... ဒါက မောင့်ဖေဖေရဲ့ လုပ်ငန်းပါတနာ ကိုခိုင်မြဲဆန္ဒ လေ...

ဆန္ဒ... ဒါက ​ကျွန်တော့်ချစ်သူပါ ရိုးရာကတိတဲ့...

ဦးရိုးရာဂုဏ်ရောင်ရဲ့ သားကြီးပေါ့"

မောင့်အမြင်ရှင်းလင်းသွားအောင် လဆန်းညို ကပျာကယာ မိတ်ဆက်ပေးလိုက်ရသည်...

"ရိုးရာကတိ အကြောင်းတွေကြားဖူးပါတယ် ...
အပြင်မှာတော့ အခုမှ မြင်ဖူးတာပဲ"

"ဟုတ်ကဲ့ ...
ကျွန်တော်တို့ ညနေစာ လာစားကြတာပါ..

ကိုခိုင်မြဲဆန္ဒလည်း စားဖို့ပဲထင်တယ် "

".... .... ....."

မောင့်မျက်နှာက တည်တည်ငြိမ်ငြိမ်ပါပဲ...

ဒါပေမယ့် စကားအဆုံးသတ်မှာ လွတ်နေတဲ့တခြားစားပွဲဝိုင်းတွေဘက် လက်ဖြန့်ညွှန်ပြလိုက်တဲ့ မောင့်အပြုအမူကြောင့် ခိုင်မြဲဆန္ဒကတော့ အောင့်သက်သက်ဖြစ်သွားမှာ အသေအချာ...

နှင်ထုတ်လိုက်ခြင်းဆိုတာ အသိသာကြီးလေ...

နှောင့်ယှက်မနေဘဲ သွားလိုက်တော့လို့ ပါးစပ်က ထုတ်မပြောရုံပဲရှိတယ်..

"အာ...
ကိုယ့်ကြောင့် အနှောင့်အယှက် ဖြစ်သွားပြီထင်တယ်...

ညို ကိုယ်တို့နောက်မှ အေးဆေးတွေ့ကြတာပေါ့"

"သြော်...
ဟုတ်ကဲ့ပါ "

ခိုင်မြဲဆန္ဒက မောင့်အပြုအမူကြောင့် အံ့ဩသွားတဲ့ မျက်နှာကို အိန္ဒြေဆည်လိုက်ပြီး လဆန်းညိုကိုပဲ ဂရုတစိုက်နှုတ်ဆက်ကာ ထွက်သွားလေပြီ...

မောင့်ကိုတော့ နှုတ်တောင်မဆက်သွားတော့...

"သူက မောင့်ဖေဖေအတွက် အရေးကြီးပုဂ္ဂိုလ်နော်.."

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now