part (23)

401 19 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (23)
------------------------- unicode/ zawgyi

"ဖေဖေ ...
ဒီကို ဘယ်လို ..."

"မင်းလာခဲ့ "

ညိုက လှဲနေရာက ထသွားပြီဆိုပေမယ့် ရိုးရာကတိကတော့ ထိုင်လျှက်သားရှိနေတုန်း...

အနားရောက်လာကာ ကိုယ်လက်ကို ဆောင့်ဆွဲခေါ်တဲ့ ဖေဖေ့ကြောင့် ကတိကြောင် သွားရပြီး

"ဖေဖေ ဘာဖြစ်နေတာလဲ "

"မင်းဘာတွေ လုပ်နေတာလဲဆိုတာ ငါ့ကအရင်မေးသင့်တာ...
ဒီကောင်နဲ့ မင်နဲ့က ဘာတွေလဲ "

"ကျွန်တော့်ချစ်သူကို ဒီကောင်လို့ မခေါ်ပါနဲ့...
ညို့မှာ နာမည်ရှိတယ်...
တစ်ချိန်မှာ ကိုယ့်သမက်ဖြစ်လာမယ့်သူကို လေးလေးစားစားဆက်ဆံသင့်တယ် "

"ရိုးရာကတိ! !!!"

ချစ်သူတဲ့လား...
ဂုဏ်ရောင် ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဖြစ်၍ ဒေါသတကြီး အော်လိုက်မိတော့

"ဆရာ.. စိတ်ထိန်းပါ "

ဒေါသကြီးနေတဲ့ကိုယ့်နောက်က လိုက်လာခဲ့ပြီးမှ ပွင့်ဟနေတဲ့ အခန်းတခါးကို သတိရသလို ပြန်လှည့်ပိတ်တဲ့ လျှံက သတိပေးနေပြန်သည်

"မင်းစကားမရှည်နဲ့...
ငါနဲ့လိုက်ခဲ့ "

"ဘာဖြစ်နေတာလဲဆိုတာ အေးဆေးရှင်းပြလို့မရဘူးလား "

ကိုယ်ဆွဲခေါ်နေတာတောင် မလိုက်ဘဲ ရွတ်ကပ်ကပ်လုပ်နေတဲ့ ကိုယ့်သားကို ဂုဏ်ရောင် ဘယ်လိုမှ စိတ်မရှည်နိုင်တော့ဘဲ

"မင်းတို့ပတ်သက်မှုကို ငါလက်မခံဘူး "

တင်းတင်းထန်ထန်ပြောလိုက်တဲ့ ကိုယ့်စကားကို ကတိကတော့ အမှုမထားဟန်နဲ့

"ဘာလို့လဲ...
ယောက်ျားချင်းဖြစ်နေလို့လား...
ဖေဖေ လက်မခံလည်း မတတ်နိုင်တော့ဘူး ကျွန်တော်က ညို့ကိုချစ်ပြီးနေပြီ... "

"မင်း! !!"

ဂုဏ်ရောင် အစိုးရိမ်ဆုံးက အဲ့ဒါပါပဲ...

မွန်မြတ်သူစကားကို အပြည့်အဝယုံကြည်ခြင်းမရှိပေမယ့်...
ရှုပ်ထွေးမှုထဲ ရှိနေတဲ့ လဆန်းညိုကို ကိုယ့်သားက ငြိတွယ်နေမှာမျိုး မဖြစ်စေချင်ဆုံး...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now