Part (44)

231 14 3
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (44)
-------------------------------------------------

"ခင်ဗျား... "

မင်းသက္ခ ကိုယ့်ရှေ့ကလူကိုကြည့်ပြီး အံ့အားတသင့်ကြီးနဲ့

"ခင်ဗျားက လျှံ လွှတ်ပေးလိုက်တဲ့ ဦးမျိုးနိုင်ပေါ့ "

"ဟုတ်ပါတယ်"

မယုံနိုင်စွာမေးလိုက်မိတဲ့ ကိုယ့်မေးခွန်းကို ညစ်ထပ်ထပ်အောက်သိုးသိုးအပြုံးနဲ့ တုံ့ပြန်လာတဲ့ ဦးမျိုးနိုင်ကြောင့်
လျှံ ဘယ်လိုအတွေးတွေနဲ့ လုပ်နေလဲဆိုတာကိုတောင် မင်းသက္ခလိုက်မမီနိုင်တော့...

အခု ကိုယ့်ရှေ့ရောက်နေတဲ့ ဦးမျိုးနိုင်ဆိုတဲ့လူက လျှံ့အတွက် ဘယ်လိုလူမျိုးလဲဆိုတာကို လျှံနဲ့ မွေးရပ်ဇာတိ အတူတူဖြစ်တဲ့ မင်းသက္ခ သေချာသိသည်...

ဦးမျိုးနိုင်က တခြားမဟုတ်...

လျှံ့ရဲ့ ပထွေးဖြစ်သလို...
လျှံ့မိသားစုရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို လက်ဝါးကြီးအုပ်ပြီး လျှံ့ကို လမ်းဘေးရောက်အောင် လုပ်ခဲ့တဲ့လူ...

လျှံတို့မိသားစုက မင်းသက္ခတို့မြို့ရဲ့ အချမ်းသာဆုံးစာရင်းဝင်တွေဖြစ်ခဲ့ပြီး...

ပွဲရုံတွေ မြေယာပိုင်ဆိုင်မှုတွေက မနည်းမနော...

လျှံ့အ​ဖေ ရှိစဉ်ကတည်းက ဦးမျိုးနိုင်က လျှံ့အဖေရဲ့ လူယုံ မန်နေဂျာ...

လျှံ့အဖေ ဆုံးရတဲ့နောက်ကွယ်မှာ ဦးမျိုးနိုင်ရဲ့ ပယောဂမကင်းဘူးလို့လည်း တစ်မြို့လုံးက ဝေဖန်ထားတာတွေရှိတဲ့အပြင်...

အဲ့ဒီ့ဝေဖန်မှုတွေကလည်း ယုတ္တိရှိသင့်သလောက် ရှိသည်...

ဘာကြောင့်လဲဆိုလျှင် ရိုးသားအေးဆေးတဲ့လျှံ့အဖေရဲ့ အကျင့်စရိုက်ကောင်းတွေကို မြှောက်ပင့်ဖျက်ဆီးလိုက်သူက ဦးမျိုးနိုင်လို့ပဲဆိုရမည်...

မျိုးရိုးအစဉ်ဆက် ပိုင်ဆိုင်မှုမနည်းလှတဲ့ လျှံ့အဖေက အစကတော့ အလုပ်နဲ့မိသားစုကိုပဲ သိတဲ့ လူရိုးလူအေးကြီးပါပဲ...

ဒါပေမယ့် လူအေးတွေ မွှေလျှင် ပိုဆိုးတယ်လို့ ပြောကြတဲ့စကားအတိုင်း...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now