Part (48)

195 14 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (48)
------------------------------------------------

"အမှုပိတ်ပေးရမယ် ဟုတ်လား အန်တီ "

မမရဲ့ အမေ ပြောလာတဲ့ စကားကြောင့် သက်စု မယုံနိုင်စွာ ပြန်မေးလိုက်မိသည်

ကျော်စွာမင်းပြဿနာရှာခဲ့တာက မမကိုဖြစ်ပေမယ့် တကယ်တမ်း နစ်နာသူက ကိုယ်ဖြစ်သွားတဲ့အတွက် ကျော်စွာမင်းရဲ့ ဓားထိုးမှုမှာ ကိုယ်က တရားလိုဖြစ်ပြီး မမကတော့ မျက်မြင်သက်သေသာ...

ဘယ်လိုပဲဖြစ်ဖြစ် ကျော်စွာမင်းသာ ချက်ချင်းပြန်လွတ်လာလျှင် မမအတွက် ကောင်းနိုင်ဖို့မရှိပါဘဲ အမှုပိတ်ပေးစေချင်နေတဲ့ မမအမေရဲ့စကားကို သက်စု နားမလည်နိုင်...

"ဒီပုံတွေကို ကြည့်လိုက်ပါ"

မမအမေ ချပေးလာတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး သက်စုမျက်လုံးတွေပြူးကျယ်သွားရကာ...

"မမက ခြိမ်းခြောက်ခံနေရတာလား "

"အဲ့လိုပဲ ပြောရတော့မှာပေါ့..
ကျော်စွာမင်းရဲ့မိန်းမက သူ့ယောက်ျားအချုပ်ထဲရောက်နေရတာကို မကျေနပ်ဘူး ...

အမှုမပိတ်ပေးရင် ဒီပုံတွေကို ဖြန့်လိုက်မယ်လို့ ပြောနေတယ်...

ဒီပုံတွေသာ ပြန့်သွားရင် အမှုနိုင်ခဲ့ရင်တောင် သမီးလေးက ခေါင်းဖော်နိုင်တော့မှာ မဟုတ်ဘူး...

အန်တီတောင်းပန်ပါတယ်ကွယ်...
သမီးထိခိုက်နစ်နာခဲ့တာအတွက် အန်တီကပဲ တာဝန်ယူပေးပါ့မယ်...

အမှုကိုတော့ ပိတ်ပေးပါလားကွယ် "

မျက်ရည်ဝေ့ဝေ့နဲ့ တောင်းပန်စကားဆိုနေတဲ့ မမအမေရဲ့စကားကို သက်စု နားလည်လက်ခံနိုင်ပေမယ့်...

"ကျော်စွာမင်းသာ အပြင်ရောက်လာရင် မမအတွက် အန္တရာယ်ကင်းပါ့မလား"

ကျော်စွာမင်းနဲ့ မမရဲ့ အိပ်ယာထက်ကပုံတွေ ပြန့်သွားလို့ မဖြစ်သလို

ကျော်စွာမင်း ပြန်ထွက်လာလျှင်လည်း မမအတွက် စိုးရိမ်ရနိုင်သည်လေ...

"ကျော်စွာမင်းပြန်လွတ်လာတာနဲ့ နိုင်ငံခြားကို ခေါ်သွားမယ်လို့ သူ့မိန်းမက ပြောပါတယ်...
နောက်ထပ် ထပ်မနှောင့်ယှက်နိုင်အောင်လည်း သူစီစဉ်မယ်လို့ ကတိပေးတယ် ...
သူလိုချင်တာက အမှုပိတ်ပေးဖို့ပါပဲ "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now