Part (51) Final

376 16 0
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (51) final
----------------------------------------------

"မောင်... "

ရင်ခွင်ထဲမှမောင်က လဆန်းညို အခေါ်ကို အကြည့်နဲ့သာ တုံ့ပြန်သည်...

လှဲနေရာကနေ ခေါင်အုံးကို မှီလျက်ထိုင်လိုက်တော့ မောင်က လဆန်းညိုပေါင်ပေါ် ခေါင်းအုံးလိုက်ပြီး မော့ကြည့်လျက်ပင်...

"ငါ့ကို ယုံရဲ့လား "

"အင်း.. "

နှုတ်ခမ်းစေ့ပြီး အင်းလိုက်သံက စိတ်တိုင်းကျစရာတော့ မဟုတ်...

"ခိုင်မြဲဆန္ဒနဲ့ ပြဿနာဖြစ်သေးလား "

"မဖြစ်ပါဘူး "

အနမ်းတွေနဲ့ အလွန်အကျွံရှေ့ဆက်ဖြစ်ခဲ့တာကြောင့် သိချင်နေတဲ့အကြောင်းအရာကို အခုမှ အစပြန်ကောက်ရပြီး မောင့်ရဲ့ သက်တောင့်သက်သာ အဖြေစကားကြောင့် အံ့ဩရပြန်ပါပြီ...

ကိုယ်နဲ့ခိုင်မြဲဆန္ဒကို အတူတွဲတွေ့ခဲ့မှာ သေချာလျက်သားနဲ့ ပြဿနာမဖြစ်ခဲ့ဘူးတဲ့လား...

ယုံကြည်ဖို့ ခက်သားပင်...

"ညို သောက်နေတဲ့ ဘားမှာ မောင်ရှိနေတာ"

ရှင်းပြဖို့အတွက် အေးဆေးသက်သာ အစပျိုးတဲ့ မောင့်စကားကြောင့် လဆန်းညိုမှာ တအံ့တဩနဲ့...

"ဟမ်...
ဟုတ်လား "

"အင်း...
ညိုက ခွေးလို သောက်နေတာလေ "

"ဟာ ငါ့ကို ခွေးနဲ့နှိုင်တာလား "

"အင်း...
ခွေးတွေက သစ္စာရှိတယ်လေ "

"တော်ပြီ...
ဖယ်တော့ "

မောင့်အပြောကို စိတ်မဆိုးမိပေမယ့် လဆန်းညို ထထွက်ဖို့ပြင်လိုက်တော့ မောင်က ခါးကို သိမ်းဖက်ထားကာ ထသွားခွင့်မပြုဘဲ...

"စားပြီး နားမလည် လုပ်တာပဲ "

"မောင်! !!"

ပြုံးစစနဲ့ ပါးစပ်ကထွက်သမျှပြောနိုင်တဲ့မောင့်ကို လဆန်းညို သတိပေးသလို ခေါ်မိပေမယ့်...

"မောင် လွမ်းနေတာ "

ချက်ချင်း အမူအယာပြောင်းသွားတဲ့ မောင်က တတ်လည်း တတ်နိုင်လှပါတယ်...

You've reached the end of published parts.

⏰ Last updated: Feb 14 ⏰

Add this story to your Library to get notified about new parts!

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now