Part (26)

414 21 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (26)
------------------------ unicode/ zawgyi

"မင်းက ဒီလိုအိမ်မျိုးမှာ နေရတာကိုး...
ဘဝတွေက တကယ်မတူကြတာပဲ... "

ရေကူးကန်ဘေးထိုင်ပြီး ကိုယ့်အိမ်ကို အံ့အားသင့်သလို ပြောနေတဲ့ လပြည့်ကြောင့် သတ္တိ မပွင့်တပွင့်ရယ်လိုက်မိပြီး

"ငါကတော့ ငါတစ်ခါက လာလည်ဖူးတဲ့ မင်းအိမ်ကို ပိုသဘောကျတယ်...
မိသားစုနည်းရင်တောင် ရှောင်လို့မရဘဲ တစ်ယောက်နဲ့တစ်ယောက် တွေ့နေရတယ်လေ...
ငါတို့အိမ်ကတော့ အဲ့လိုမဟုတ်ဘူး...
အကြောင်းကိစ္စရှိလို့ စကားပြောချင်ရင်တောင် တစ်ယောက်နဲ့တစ်ယောက်တွေ့နိုင်ဖို့ အတော်ကြိုးစားရတယ်...
ဖေဖေကလည်း အလုပ်နဲ့အချိန်ကုန်ပြီး...
ကိုကိုကလည်း သိတဲ့အတိုင်း အိမ်သိပ်မကပ်ဘူး...
ဒီလောက်သီးသန့်ဆန်တဲ့အိမ်မှာနေရတာတောင် ...
ဒီ့ထက်သီးသန့်ဆန်တဲ့ သူ့အခန်းကိုပဲ ပိုသဘောကျတာမျိုးလေ...
ငါတော့ ငြီးငွေ့တယ်... "

အိပ်ခန်းတစ်ခန်းတည်းပါတဲ့ အိမ်မျိုးမှာပဲ နေဖူးတဲ့ကိုယ်က ကိုယ်ပိုင်အိပ်ခန်းလေးနဲ့သီးသန့်နေချင်တဲ့ဆန္ဒ ရှိခဲ့ပေမယ့်

စိတ်ပျက်လက်ပျက်လေး ပြောနေရှာတဲ့ သတ္တိကြောင့် လူတိုင်းက သူ့အခြေနေနဲ့သူတော့ လိုအပ်ချက်တွေ ရှိနေတာပါလားလို့ လပြည့်တွေးလိုက်မိရင်း...

"ငါ့အိမ်ကို သဘောကျတယ်သာပြောနေတယ်..
အဲ့ဒီ့နေ့ကတော့ လမ်းလျှောက်ရလို့ ငြီးငြူနေတာမဟုတ်လား...

ဒီလိုလေ...

ဟူး... ပူလိုက်တာ...
ဟောဟဲ ဟောဟဲ...
ရေလေးပေးပါဦး...အအေးလေးတိုက်ပါ...သနားကြပါဦး ..."

သတ္တိစိတ်ပေါ့ပါးသွားအောင် လပြည့် လျှာတစ်လစ်ထုတ်ကာ သရုပ်ပါပါ စနောက်နေမိတော့

"အဲ့လောက်မဆိုးပါဘူးနော်... "

မျက်စောင်းရွယ်ကာ ပြန်ပြောလာတဲ့ သတ္တိပုံစံက တကယ်ကို နူးနူးညံ့ညံ့လေး

ရွှတ်နောက်နောက်လုပ်နေမိတဲ့ လပြည့် မင်သက်ကာ ငေးနေမိပြီးမှ

"စကားပြောရင်...
မျက်စောင်းထိုးထိုးပြီး မပြောနဲ့...
ရိုးရိုးပြော... "

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now